မန္တလေးမြို့ သံလျက်မှော်အနောက် ရပ်ကွက်ရုံး ဗုံးပေါက်

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Power က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၈ ရက်နေ့ မနက် ၆ နာရီခွဲလောက်မှာ ပဒေသာ မိုင်းတစ်လုံးကို ပစ်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သံလျက်မှော်အနောက် ရပ်ကွက်ရုံးဟာ ပြည်နည်အသစ်တည်ဆောက်နေတဲ့ ရုံးတစ်ခုဖြစ်ပြီး ဆက်လက်မတည်ဆောက်ဖို့ မြို့ပြပြောက်ကျားအဖွဲ့တွေက အကြိမ်ကြိမ်သတိပေးထားပြီး ပေါက်ကွဲမှုတွေလည်း မကြာခဏဖြစ်ပွားခဲ့ပါတယ်။