စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စုမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုက ၃ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ Tanintharyi Defense Force က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၈ ရက်နေ့ မနက် ၅ နာရီလောက်က ဆင်ဖြူရှင် (၄) ထုံခါအကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၂) ရဲ့ တပ်ဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ထုံခါအကျဉ်းစခန်းဟာ ရေဖြူစစ်ဗျူဟာနဲ့ သုံးမိုင်ခန့်အကွာမှာ တည်ရှိတယ်လို့ သိရပါတယ်။