မန္တလေးမြို့က ကက်သလစ်ကာသီဒြယ် ဘုရားကျောင်းကို စစ်အုပ်စု ဝင်ရောက်ရှာဖွေ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၂ လမ်းနဲ့ ၂၅ လမ်းထောင့်မှာရှိတဲ့ ကက်သလစ် ကာသီဒြယ် ဘုရားကျောင်းအတွင်းကို အကြမ်းဖက်စစ်အုပ်စုက ၂နာရီကျော်ကြာ ဝင်ရောက် ရှာဖွေခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ MFP က ဖော်ပြပါတယ်။
မနေ့က ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်အုပ်စုက အင်အား ၅၀ ခန့်နဲ့ ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး ကျောင်းတွင်းမှာရှိသူတွေ ဖမ်းဆီးတာ ပစ္စည်းတွေ သိမ်းဆည်းသွားတာတော့ မရှိဘူးလို့ သိရပါတယ်။
ဆရာတော်နဲ့ ဘုန်းတော်ကြီးတွေ အပါအဝင်၊ ကျောင်းဝင်းထဲက ဝန်ထမ်းတွေ အားလုံး ရှိပါတယ်။ စိုးရိမ်ပေးကြလို့ ကျေးဇူးပါ။ သူတို့သတင်းရလို့ လာရှာတာတော့ ဟုတ်တယ်။ သူတို့ ရှာတဲ့ပစ္စည်းကိူ မတွေ့လို့ ပြန်သွားကြတယ်။ နေရာကို ပြခိုင်းတယ်။ (၃) နာရီကျော်လောက်က ရောက်လာကြတယ်။ (၅) နာရီကျော်မှာ အကုန်ပြန်ထွက်သွားကြတယ်လို့ ဘုရားကျောင်းနဲ့ နီးစပ်သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
Source-MFP