လှိုင်သာယာမြို့နယ် လျှပ်စစ်မီတာရုံး ဖောက်ခွဲခံရ

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်း စက်မှုဇုန်မှတ်တိုင်အနီးမှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ မြို့နယ် လျှပ်စစ်မီတာရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၂၉ရက်နေ့ မနက်၉နာရီ ခွဲ​လောက်က ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ From Zero to Heroနဲ့ Mco Ldf Armyတို့ ပူးပေါင်းပြီး အဝေးထိန်းဗုံးနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ From Zero to Heroက သတင်းထုတ်ပြန်ထားပါတယ်။
လှိုင်သာယာမြို့နယ် လျှစ်စစ်ရုံးမှာရှိတဲ့ ဝန်ထမ်းတွေဟာ ပြည်သူတွေကို အတင်းအကြပ် မီတာဆောင်ခိုင်းတာ မီတာဗုံးတွေ ဖြုတ်သိမ်းတာနဲ့ ပြည်သူတွေကို မတရားငွေတောင်းခံမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ From Zero to Heroက ဆိုပါတယ်။