လည်မျိုချောင်းဆုံအနီး တိုက်ပွဲအတွင်း စစ်အုပ်စုက ဗိုလ်ကြီးတစ်ဦး အပါအဝင် ၈ ဦးသေ

ချင်းပြည်နယ် မင်းတပ်-မတူပီလမ်း လည်မျိုချောင်းဆုံအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ CDF – Matupi တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ဗိုလ်ကြီးအဆင့် တစ်ဦးအပါအဝင် ၈ဦးသေဆုံးသွားခဲ့တယ်လို့ CDF – Matupi က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ ၂၀ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က မတူပီမြို့ အခြေစိုက် ခမရ ၃၀၄ တပ်ရင်းအနီး လည်မျိုချောင်းဆုံအနီးမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို CDF – Matupi က ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်းမှာ CDF – Matupi ဘက်ကတော့ ထိခိုက်ကျဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာ စစ်အုပ်စုက အင်အားထပ်မံတိုးချဲ့နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ CDF – Matupi ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။