မုံရွာ-ချောင်းဦး-မြင်းမူ လမ်းပိုင်းပေါ် ရောက်နေတဲ့ကားတွေ ခေတ္တရပ်ထားကြဖို့ ထုတ်ပြန်

မုံရွာ – ချောင်းဦး – မြင်းမူ လမ်းပိုင်းပေါ်ရောက်ရှိနေတဲ့ ကားတွေအနေနဲ့ ရောက်ရာအရပ်မှာ ခေတ္တရပ်နားထားဖို့ Chaung U Revolution က အရေးပေါ် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီလမ်းပိုင်းကို အခုကြေညာချက် ထုတ်ပြန်ချိန်ကနေ နောက်ထပ်ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ် လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း Chaung U Revolution က ဒီနေ့မနက် ၁၀ နာရီမိနစ် ၂၀ မှာ ထုတ်ပြန်ထားပါတယ်။
မုံရွာမြို့၊ ထန်းတောရပ်ကွက်နေ ပြည်သူတစ်ဦးက ‘ထုတ်ပြန်ချက်အတိုင်း လုပ်ကြပါ။ ပြည်သူတချို့ရဲ့ မဆင်မခြင် ထုတ်ပြန်တာတွေကိုလည်း ပြီးစလွယ် ရပါတယ်လုပ်လို့ တချို့စစ်ဆင်ရေးတွေ ပျက်ခဲ့ပြီးပြီ’ လို့ ဆိုပါတယ်။
လမ်းပိုင်း ယာယီပိတ်ထားချိန်အတွင်း လိုက်နာမှုမရှိသူတို့ရဲ့ လုံခြုံရေးကို အာမမခံကြောင်းလည်း ထုတ်ပြန်ထားပါတယ်။