နန်းဖဲ-ဘောလခဲ လမ်းမကြီးကို လုံခြုံရေးအရ အသုံးမပြုဖို့ KNDF ထုတ်ပြန်

ဘောလခဲမြို့နယ် နန်းဖဲ-ဘောလခဲ လမ်းမကြီးကို ဧပြီလ ၁၈ ရက်နေ့ကနေ မေလ ၁၈ ရက်နေ့ထိ တစ်လနီးပါး အသုံးမပြုဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF/B-16 က ဧပြီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
(နန်းဖဲ-ဘောလခဲ) လမ်းမကြီးအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ စစ်ကြောင်းထိုးလျက်ရှိတာကြောင့် ရပ်ရွာပြည်သူလူထုအပါအဝင် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ လုံခြုံရေးအရ သတ်မှတ်ရက်တွင်း လုံးဝဖြတ်သန်းသွားလာတာ မပြုလုပ်ဖို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ နန်းဖဲ-ဘောလခဲ လမ်းမကြီးအနီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (တပ်ရင်းအမှတ် ၁၆ ) နဲ့ အကြမ်းဖက် စစ်အုပ်စုတပ်တွေကြား နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။