၂၀၂၁ မတ်၂၇ ရက်မှာ စစ်အုပ်စု အကြမ်းဖက်ဖြိုခွင်းလို့ ဆန္ဒပြပြည်သူ အနည်းဆုံး ၁၁၄ ဦး ကျဆုံးခဲ့

၂၀၂၁ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တုန်းက ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ပြည်သူတွေကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းလို့ အနည်းဆုံး ၁၁၄ ဦး ကျဆုံးခဲ့ကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တုန်းက မြန်မာနိုင်ငံက မြို့ပေါင်း (၁၇၀) ခန့်မှာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီမြို့တွေထဲက မြို့ပေါင်း (၇၃) မြို့မှာ စစ်အုပ်စုက အကြမ်းဖက် ဖြိုခွင်းခဲ့လို့ (၂၉၉) ဦး ဒဏ်ရာရခဲ့ပြီး ဆန္ဒပြပွဲမှာပါဝင်သူတွေနဲ့ ဆက်စပ်သူ အနည်းဆုံး (၂၈၁) ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း Data for Myanmar က ဒီကနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၁ မတ်လ ၂၇ ရက်နေ့မှာ မန္တလေးတိုင်းအတွင်း ကျဆုံး ၄၈ ဦး၊ဒဏ်ရာရ ၁၂၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းအတွင်းကျဆုံး ၂၅ ဦး၊ ဒဏ်ရာရ ၃၅ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းက ကျဆုံး ၈ ဦး၊ ဒဏ်ရာရ ၃၂ ဦးနဲ့တတိယအများဆုံး ဖြစ်ပါတယ်။
ချင်း၊ ကရင်၊ နေပြည်တော်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်‌တောင်ပိုင်းတို့မှာတော့ ကျဆုံးဒဏ်ရာရသူ တစ်ဦးမှ မရှိပါဘူး။မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားခဲ့တာဖြစ်လို့ မြေပြင်အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့
Data for Myanmar က ဆိုပါတယ်။