တစ်ပတ်တာအတွင်း လူနေအိမ်၄၈၁လုံးထက်မနည်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီ

အကြမ်းဖက်စစ်တပ်ဟာ တစ်ပတ်တာကာလအတွင်း လူနေအိမ်၄၈၁လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မတ်လ၁ရက်နေ့ကနေ ၂၂ရက်နေ့အထိ လူနေအိမ်၁၆၀၂လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မတ်လ၁ရက်နေ့ကနေ ၁၅နေ့အထိ လူနေအိမ် ၁၁၂၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ၁ရက်နေ့ကနေ ၂၀၂၂ခုနှစ်မတ်လ၂၂ရက်နေ့အထိ အကြမ်းဖက်စစ် တပ်နဲ့ သူ့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ လို့ ပျက်စီးသွားတဲ့လူနေအိမ် ခန့်မှန်း၇၇၂၉လုံးရှိပြီလို့ သိရပါ တယ်။
‘စစ်တပ်က ရွာတွေကိုမီးရှို့တာက ရှို့ချင်လို့ရှို့တာပါ။အဓိကကတော့ မြေလှန်ပစ်တာပဲ။PDF နဲ့ဆက်စပ်တယ် လို့ ခေါင်းစဉ်တပ်ပြီး မီးမရှို့ခင် ရွာထဲ ဝင်မွှေနှောက်လုယက်တာဆိုတော့ ပြည်သူတွေရဲ့ပိုင်ဆိုင်မှုကို လုချင်တာလည်းအဓိကကျပါတယ်’လို့ ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားအဖွဲ့ဝင်ရဲဘော်တစ်ဦးကပြော ပါတယ်။
Data for Myanmar ရဲ့ စာရင်းအရ လူနေအိမ်မီးရှို့ခံရမှုအများဆုံးဟာ စစ်ကိုင်းတိုင်းဖြစ်ပြီး၊ဒုတိယ မကွေးတိုင်း၊တတိယ ချင်းပြည်နယ်နဲ့ စတုတ္ထ ကယားပြည်နယ်ဖြစ်ပါတယ်။