မဲလ်ဘုန်းမြန်မာမိသားစု စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ

ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့၊ ဗစ်တိုးရီးယားပြည်နယ်စာကြည်တိုက်ရှေ့မှာ၊စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲကိုဒေသစံတော်ချိန် မတ်လ၂၆ရက်နေ့၊မွန်းလွဲ ၂နာရီကနေ ၄နာရီလောက်အထိကျင်းပခဲ့ပါတယ်။
ဒီဆန္ဒပြပွဲကိုမဲလ်ဘုန်းမြို့မှာနေထိုင်နေကြတဲ့အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေနဲ့ကျောင်းသူကျောင်းသားတွေကစီစဉ်ခဲ့ကြပြီး ၊ ဩစတေးလျနိုင်ငံရဲ့အထက်လွှတ်တော်အမတ်၊ ဂရင်းပါတီက မစ္စ ဂျဲနက်ရိုက်စ်၊ ဗစ်တိုးရီးယားပြည်နယ်လွှတ်တော်အမတ် ကမ္ဘောဒီးယားလူမျိုးမစ္စတာမန်းဟောင်းတတ်နဲ့ ဩစတေးလျမြန်မာအင်စတီကျု နဲ့ မြန်မာကမ်ပိန်းနက်ဝပ်က မစ္စတာ ဂျွန်ဘရူကယ်တို့က တက်ရောက်အမှာစကားပြောကြားခဲ့တယ်လို့ NUG/CRPH Support Group Australiaရဲ့ ဗစ်တိုးရီးယားပြည်နယ်ကိုယ်စားလှယ် ဦးအေးမင်းစိုးက Delta News Agency ကို ပြောပါတယ်။
ဒါ့အပြင်ဆန္ဒပြပွဲကိုဦးဆောင်စီစဉ်သူ မြန်မာငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကော်မတီ ရဲ့ဦးမြင့်ဆွေဘ ကဆန္ဒပြရခြင်းအကြောင်းကို ရှင်းပြပြီး၊CRPH / NUG ထောက်ခံသောအဖွဲ့ ( ဩစတေးလျ) ကိုယ်စားလှယ်တဦးဖြစ်သူ ကို ကေဗင်အင်ဒါဆင်ကလည်း NUGအစိုးရရဲ့လုပ်ဆောင်ချက်တွေကိုရှင်းလင်းခဲ့ပါတယ်။
ဆန္ဒပြပွဲလာရောက်သူတွေကစစ်အာဏာရှင်ဆန့်ကျင်ရေးပိုစတာတွေ၊ကြွေးကြော်သံတွေကြွေး‌ကြော်ခဲ့ကြပြီး မြန်မာကျောင်းသားတွေက အာဏာရှင်ဆန့်ကျင်ရေးသီချင်းတွေဟစ်ကြွေးကာ မိမိတို့ရဲ့ဆန္ဒကိုနိုင်ငံတကာအသိုင်းအဝိုင်းကသိရှိအောင်ထုတ်ဖေါ်ခဲ့ကြပါတယ်။