စစ်ကိုင်းတိုင်းကျေးလက်ဒေသအများစုကို PDF တွေ စိုးမိုးထား

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်းအတွင်းရှိကျေးလက်ဒေသများစွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက စိုးမိုးထားတယ်လို့ တယ်လို့ စစ်ကိုင်းPDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်၃၇ခုရှိတဲ့အနက် မြို့ပေါ်တွေနဲ့ နာဂဒေသဘက်ခြမ်းကို ပြည်သူ့ ကာကွယ်ရေးတပ်တွေ စိုးမိုးနိုင်မှုအားနည်းနေသေးတယ်လို့ စစ်ကိုင်းPDF တာဝန်ရှိသူက ဆိုပါတယ်။

‘မုံရွာ ၊ရွှေဘို၊ ခန္တီး စတဲ့ ခရိုင်မြို့ကြီးတွေ လောက်ပဲ PDFဘက်က စိုးမိုးနိုင်မှု အားနည်းသေးတာ ခင်ဗျ ။ပြီးတော့ နာဂဒေသ ဘက်ကလည်း တိုက်ပွဲတွေ မဖန်တီးနိုင်သေးဘူးဗျ။ ချိတ်ဆက်မှုအခက်အခဲ ရှိတာလည်း ပါတယ်ဗျ’လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းမြို့နယ်အချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးမှုဧရိယာကျယ်ပြန့်ပြီး မြို့တွင်း လောက်သာကျန်တော့တယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းမြို့ပေါ်တွေကို စိုးမိုးနိုင်ခြင်းမရှိသေးပေမဲ့ စစ်ကိုင်းအတွင်းရှိ အဓိကလမ်းမကြီးတေွပေါ် အကြမ်း ဖက်စစ်တပ်ဟာ အရပ်သားပုံစံမျိုးဟန်ဆောင်သွားနေရတဲ့အထိ ကြောက်နေကြတယ်လို့ သိရပါတယ်။

ပုလဲအခြေစိုက် ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ယင်းမာပင်ခရိုင် အတွင်းရှိ အဓိကလမ်းမကြီးတွေပေါ်အကြမ်းဖက်စစ်တပ်ဟာ မိုင်းရှင်းလင်းပြီးမှသာ တရွေ့ရွေ့ သွားနေကြရ တယ်လို့ ဆိုပါတယ်။

‘ဒေသခံPDF တွေရဲ့ မိုင်းကို စခ (စစ်ခွေး)တွေတော်တော်ကြောက်ကြတယ်’လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ တပ်ဖွဲ့ဝင်အင်အားအခိုင်အမာရှိပေမဲ့ လက်နက်အင်အားအနေနဲ့ လက်လုပ်သေနတ်ကို သာ အဓိကအားကိုးနေရတာကြောင့် မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ လက်နက်အင်အားစုဆောင်းနေတယ်လို့ စစ် ကိုင်းPDF တာဝန်ရှိသူကဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ နေရာ၃၀လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ဆေးမှုတွေပြုလုပ်နေပြီး စစ်အုပ်စုထုတ်ကုန်တွေကို သိမ်းဆည်းဖျက်ဆီးနေတယ်လို့ သိရပါတယ်။