မုံရွာခရိုင်စီမံအဖွဲ့ဝင်ကို ရှင်းလင်းပြီးအပြန် ထိတွေ့တိုက်ပွဲမှာ ပြောက်ကျားခေါင်းဆောင်တစ်ဦးကျဆု

မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းပြီးပြန်လည်ဆုတ်ခွာလာစဉ် အကြမ်းဖက်စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာဝံပုလေွပြောက်ကျားတပ်ဖွဲ့(မြိုင်)ရဲ့ခေါင်းဆောင် တစ်ဦး ကျဆုံးခဲ့ပါတယ်။

ဇွန်လ၁၉ရက်နေ့ မနက်၇နာရီလောက်မှာ ဗိုလ်လရောင်ဦးဆောင်တဲ့ ဝံပုလေွပြောက်ကျားတပ်ဖွဲ့(မြိုင်) အဖွဲ့ဟာ စစ်ကိုင်းတိုင်း ၊မုံရွာမြို့ ၊ ကျောက္ကာလမ်းရှိ ရွှေအိမ်နန်းတည်းခိုးခန်းအနီးမှာ စစ်အုပ်စုခန့်မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် သန်းဇော်ထွန်းကို  ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။

အဲဒီနောက် ပြန်လည်ဆုတ်ခွာလာစဉ် ဇွန်၁၉ရက်နေ့ မနက်၈နာရီလောက်မှာ မုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ ဗန္ဓုလလမ်း ၊ ရေကူးကန်အနီး စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ရာဒုရဲအုပ်တစ်ဦးအပါအဝင် ရဲ၃ဦးသေဆုံးခဲ့ပြီး ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်)ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်လရောင်လည်း ကျဆုံး ခဲ့ကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) က ဒီကနေ့ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပစ္စတိုနှစ်လက်၊ကျည်တချို့ နဲ့ ဆိုင်ကယ်တစ်စီး လည်း ဆုံးရှုံးခဲ့ပါတယ်။