ဒီပဲယင်းမြို့ အောင်စည်ကျေးရွာအနီးမှာ စစ်အုပ်စုက ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဖြစ်တဲ့ အောင်စည်မြေကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက မြေပြင်လက်နက်ကြီးတွေအပြင် စစ်ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၇ရက်နေ့ မနက် ၇နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက အောင်စည်မြေကျေးရွာအနီးကို လက်နက်ကြီးနဲ့ အကြိမ်ရေ ၅၀ကျော် ပစ်ခတ်ခဲ့ပြီးနောက် ၉နာရီ ၁၅မိနစ်ခန့်မှာ လေကြောင်းပစ်ကူတိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်မှာ မှန်ကန်ပြီး အကျအဆုံးစာရင်းတွေကိုတာ့ အတည်ပြုချက်တွေ မရရှိသေးဘူးလို့ ဒေသတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို တင်ဆက်နေတဲ့ Voice of Depeyinမှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုက လက်နက်ကြီးတွေ လေကြောင်းပစ်ကူမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မြေပြင်မှာလည်း ဒေသခံ PDFတွေကို စစ်အုပ်စု စစ်ကြောင်းထိုးရာလမ်းကြောင်းတွေမှာ မိုင်းဆွဲတိုက်ခိုက်မှုအချို့ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲအခြေအနေနဲ့ ပက်သက်ပြီးတော့ သီးခြားသတင်းအချက်တွေကိုတော့ အတည်ပြုနေဆဲပဲဖြစ်ပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်တွေမှာ လယ်ကွင်းပြင်တွေမှာ စုဝေးမနေကြဖို့ အကာအကွယ်တွေအောက်မှာ နေထိုင်ကြဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်