ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်နယ် ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ မိုးကြီးပြီး မိုးသီးတွေကြွေ

ရှမ်းပြည်နယ်၊ တောင်ပိုင်းမှာရှိတဲ့ ပင်းတယနဲ့ ပင်လောင်းမြို့တွေမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးတွေကြွေကျတဲ့ မြင်ကွင်းတွေကို ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မျှဝေထားကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာလည်း မနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU တပ်မဟာ(၅)နယ်မြေထဲ စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲလို့ စာသင်ကျောင်းနဲ့နေအိမ်တွေပျက်စီး

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) နယ်မြေအတွင်း နှစ်ရက်ဆက် လေကြောင်းက ဗုံးကျဲတိုက်ခိုက်လို့ စာသင်ကျောင်းတကျောင်းနဲ့ လူနေအိမ် (၁၂)လုံး ထိခိုက်ပျက် စီးသွားတယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီက တပ်မဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်ရေပိုင်နက်မှာ မှတ်တမ်း မတင်ရသေးတဲ့ ကျွန်းအသစ် ၇၀၀၀ ဝန်းကျင်လောက် ရှာတွေ့

အသစ်ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ဂျပန်ပိုင် ကျွန်းအရေအတွက်ဟာ ၇၀၀၀ ဝန်းကျင်လောက် ထပ်တိုးလာကြောင်း သိရပါတယ်။ ဂျပန် အစိုးရဟာ ၁၉၈၇ ခုနှစ်နောက်ပိုင်း နိုင်ငံရေပိုင်နက်မှာ ပထမဆုံးအကြိမ် စစ်တမ်း ပြန်ကောက်ခဲ့တဲ့နောက် အခုလို ကြေညာခဲ့တာပါ။ ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားနားလည်အောင် ခေတ်မီလက်နက်တွေနဲ့ပဲ စကားပြောလို့ရမယ်လို့ ယူကရိန်း သမ္မတဆို

ရုရှားကို လူလိုသူလို နားလည်အောင် ခေတ်မီ စစ်လက်နက်တွေနဲ့ပဲ စကားပြောလို့ ရလိမ့်မယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ တစ်နှစ်ပြည့်ခါနီး ကာလမှာ BBC သတင်းဌာနနဲ့ ဇီလန်စကီးက အင်တာဗျူးခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ လမ်းရှိ ဒါလီချောင်းကူးတံတား ထပ်မံမိုင်းခွဲခံရ

ဖေဖော်ဝါရီ ၁၇ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံပုကျေးရွာအနီးက ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ ကားလမ်းမပေါ်ရှိ ဒါလီချောင်းကူးတံတားကို  ဖေဖော်ဝါရီ လ ၁၅ရက်၊ နံနက် ၆နာရီခွဲ ဝန်းကျင်မှာ ထပ်မံမိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သံပုရွာဘက်က တံတားတစ်ခြမ်းထပ်ပြီး မိုင်းခွဲခံရတယ်။ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဂိုးသွင်းအကောင်းဆုံး ဘောလုံးရာသီ စံချိန်ဟောင်းကို လိုက်မှီခဲ့တဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကက်စ် ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်းတလျှောက် ဂိုးသွင်းအများဆုံး ဘောလုံးရာသီက စံချိန်ဟောင်းကို ပြန်လိုက်မီခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ တောက်လျှောက်​ ခြေစွမ်းပြလာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာနဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ယူနိုက်တက်-ဘာစီလိုနာ ပွဲစဉ်ရဲ့ အရည်အသွေးကို ဘာစီလိုနာ မန်နေဂျာ ချီးကျူးစကားဆို

ယူရိုပါလိဂ် ပြိုင်ပွဲမှာ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ပြခဲ့တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းလုံးကို ဘာစီလိုနာ မန်နေဂျာ ရှာဗီ ဟာနန်ဒက်ဇ်က ချီးကျူးသွားပေမယ့် သူ့အသင်းက အနိုင်ရလဒ်နဲ့ ပိုထိုက်တန်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ယူရိုပါလိဂ် ရှုံးထွက်အဆင့် ပထမအကျော့အဖြစ် စပိန်ကလပ်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အငြင်းပွားမှုတွေရှိနေတဲ့ GTIG အထည်ချုပ်စက်ရုံ ပိတ်ဖို့ပြင်နေ

အလုပ်သမား ၁၃၀၀လောက်နဲ့ လည်ပတ်နေတဲ့ ရွှေပြည်သာမြို့နယ် ဝါးတရာက GTIG အထည်ချုပ်စက်ရုံကို ဒီလကုန်ပိုင်းမှာ ပိတ်သိမ်းဖို့ပြင်ဆင်နေတယ်လို့ အဲဒီစက်ရုံ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။  GTIG အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေ ရှိနေပြီး အငြင်းပွားမှုဖြေရှင်းရေးတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆိပ်ဖြူမှာ PDF စခန်းကို စီးနင်းပြီး ရွာတွေကိုစစ်ကြောင်းထိုးတာကြောင့် ဒေသခံ နှစ်သောင်းကျော်ထွက်ပြေးနေရ

မကွေးတိုင်း ၊ဆိတ်ဖြူမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကစပြီး စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကာကွယ်ရေးတပ်စခန်းတွေကို စီးနင်းခဲ့သလို ကျေးရွာတွေကိုပါ ပစ်ခတ်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲကာလမှာ နှုတ်ထွက်ခဲ့တဲ့ ရခိုင်က အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီလက်အောက်တာဝန်ပြန်ထမ်းနေ

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း ရာထူးကနှုတ်ထွက်ခဲ့ကြတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ AA ရဲ့ တိုက်တွန်းချက်ကြောင့် စစ်ကောင်စီလက်အောက်မှာ ပြန်လည်တာဝန်ထမ်းနေကြပြီဖြစ်တယ်လို့ ပြောကြပါတယ်။  ရခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ကြား ကြားညှပ်တာ၊ [ဆက်လက်ဖတ်ရှုရန်]