
အဆိုပါ အမှုဟာ ၁၉၉၆ ခုနှစ်တုန်းက Brothers to the Rescue ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က မောင်းနှင်တဲ့ လေယာဉ်တွေကို ကျူးဘားဘက်က သေနတ်နဲ့ ပစ်ချခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့ CBS သတင်းဌာနက အရင်က ဖော်ပြခဲ့ဖူးပါတယ်။
၁၅၊ မေ။
ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရိုကို တရားစွဲဆိုဖို့ အမေရိကန်က စီစဉ်နေတယ်လို့ အမေရိကန် တရားရေးဝန်ကြီးဌာန အရာရှိတဦးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဂျူရီအဖွဲ့ကြီးရဲ့ အတည်ပြုချက် လိုအပ်မယ့် တရားစွဲဆိုမှုဟာ ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ အတိအကျ မသိရသေးပေမဲ့ အဆိုပါ အရာရှိကတော့ မကြာခင် ဖြစ်လာနိုငိခြေ ရှိတယ်လို့ ပြောပါတယ်။
အသက် ၉၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကျူးဘားသမ္မတဟောင်းဖြစ်ပြီး ဖီဒယ်ကက်စထရိုရဲ့ ညီဖြစ်တဲ့ ရာအူးလ် ကတ်စရိုကို တရားစွဲဆိုမယ့် ကိစ္စဟာ လေယာဉ်တစင်း ပစ်ချခံရမှုနဲ့ ပတ်သတ်တယ်လို့ ယူဆရကြောင်း အမည်မဖော်လိုတဲ့ အရာရှိက ပြောပါတယ်။
အဆိုပါ အမှုဟာ ၁၉၉၆ ခုနှစ်တုန်းက Brothers to the Rescue ဆိုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က မောင်းနှင်တဲ့ လေယာဉ်တွေကို ကျူးဘားဘက်က သေနတ်နဲ့ ပစ်ချခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်လို့ CBS သတင်းဌာနက အရင်က ဖော်ပြခဲ့ဖူးပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ကျူးဘား နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေဆီ ဆက်သွယ်ခဲ့ပေမဲ့ ရုံးချိန်ပြင်ပ ဖြစ်နေတာကြောင့် ချက်ချင်း တုံ့ပြန်မှု မရှိသေးပါဘူး။
အမေရိကန် တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။
ထရမ့်အစိုးရဟာ အခုလက်ရှိ ကျူးဘားရဲ့ ကွန်မြူနစ်အစိုးရကို အဂတိလိုက်စားပြီး အရည်အချင်းမရှိဘူးလို့ ပြောဆိုထားသလိုအစိုးရအပြောင်းအလဲ လုပ်ဖို့လည်း ကြိုးစားနေတာပါ။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကျူးဘားကို လောင်စာဆီ ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ပြီး ကျူးဘားကျွန်းကို အစွမ်းကုန် ဖိအားပေးနေပါတယ်။
ဒါဟာ ကျူးဘားကို လောင်စာဆီ ဖြတ်တောက်လိုက်သလို ဖြစ်စေပြီး လျှပ်စစ်မီး ပြတ်တောက်တာနဲ့ စီးပွားရေး ထိုးနှက်ချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဖလော်ရီဒါတောင်ပိုင်းခရိုင် အမေရိကန်ရှေ့နေရုံးဟာ ကျူးဘားအစိုးရ အဆင့်မြင့်အရာရှိတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်ဖို့ကြိုးပမ်းချက်တွေကို ကြီးကြပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ အရာရှိတွေဟာ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ဒီနှစ်အစောပိုင်းမှာ ဝန်ခံခဲ့ကြပေမဲ့ အမေရိကန်ရဲ့ လောင်စာဆီ ပိတ်ဆို့မှုတွေကြောင့် အဆိုပါ ဆွေးနွေးပွဲတွေဟာ ရှေ့မဆက်နိုင်ဘဲ ပျက်ပြားသွားခဲ့ပုံ ရပါတယ်။
ဒါပေမဲ့ ကြာသပတေးနေ့မှာတော့ ကျူးဘားအစိုးရက CIA အကြီးအကဲ ဂျွန် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။
တကယ်လို့ ကျူးဘားဘက်က အခြေခံကျတဲ့ ပြောင်းလဲမှုတွေ လုပ်မယ်ဆိုရင် အမေရိကန်ဘက်က စီးပွားရေးလုံခြုံမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ရက်ကလစ်ဖ်က ကျူးဘား ထောက်လှမ်းရေးအရာရှိတွေကို ပြောခဲ့ကြောင်းCIA အရာရှိတဦးက ပြောပြပါတယ်။
Ref – Reuters