သရော်စာကဏ္ဍ

ခေတ်မီဝါးချွန်တပ် (သရော်စာ)

  မတ် ၊ ၇ ဖြစ်စဉ်(၁) လမ်းထိပ်ဆိုင်(မုန့်ဟင်းခါးဆိုင်မဟုတ်)မှ ခေါက်ဆွဲကြော်တစ်ပွဲဝယ်ပြီးနောက် တစ်ခုခုလိုနေသည်ဟု စိတ်ကထင် သဖြင့် အိတ်အတွင်း ဖြဲကာကြည့်မိသည်။ လိုနေသည့်အရာကို သိလိုက်ရ၏။ ထို့ကြောင့် မိမိနှင့်အနီးဆုံးတွင် ရှိနေသော စားပွဲထိုးအား လက်ယက်ခေါ်လျက် စကားဆိုလိုက်သည်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မှာစစ်ကောင်စီတပ် မီးရှို့သွားတဲ့ရွာကိုငြိမ်းဖို့ပြန်ဝင်လာသူတဦး အသတ်ခံရ

မတ်၊ ၆ စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ထန်းတောကြီးကျေးရွာကိုဒီကနေ့နေ့လည်ပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ခဲ့ပြီးနောက်ရွာကိုမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်တဦးရဲ့ဖခင်ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ပြီးတနာရီလောက်အကြာမှာပဲမီးငြိမ်းသတ်ဖို့ဝင်ရောက်လာတဲ့အသက်သုံးဆယ်ကျော်အရွယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်ရဲ့ဖခင်ဟာကင်းပုန်းဝပ်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့တိုးပြီးအခုလိုသတ်ဖြတ်ခံခဲ့ရတာလို့သိရပါတယ်။ “ထန်းတောကြီးရွာမီးလောင်တာကိုငြိမ်းဖို့သွားတာ မိသွားတာကိုစာသင်ကျောင်းမှာ လက်တွေခြေတွေကိုကြိုးတုပ်ပြီးပစ်သတ်ပြီးအမှိုက်ပုံထဲမှာ ထားခဲ့တာ။သူ့သားရဲဘော်လေးကလဲဆယ်တန်းကျောင်းသားကနေပြည်သူ့ကာကွယ်ရေးတပ်သားဖြစ်လာတာ။သတ်ပြီးမှကျေးစာကျကိုဆက်ဝင်တာ။ခုတော့တခြားရွာကိုရောက်နေပြီ။ပြေးနေရတာရွာ ငါးရွာမကဘူး။လမ်းမှာဆိုင်ကယ်ပါတာတောင် ဆီပြတ်တဲ့သူကပြတ်၊မသိတဲ့သူတွေအိမ်လဲတောင်းပန်ပြီးဝင်အိပ်ရ၊ဒါနဲ့ဆိုရွာကိုမီးရှို့တာငါးခါရှိပြီ”လို့ထန်းတောကြီးဒေသခံတဦးက DNA ကိုပြောပါတယ်။ သေဆုံးသူရဲ့သားဖြစ်သူဟာဆယ်ကျော်သက်အရွယ် ဆယ်တန်းကျောင်းသားတဦးဖြစ်ပြီးလက်ရှိမှာတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲမှာစစ်ကောင်စီတပ်တွေကိုခုခံတော်လှန်နေသူတဦးဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ထန်းတောကြီး၊ကျေးစာကျ၊ဘိစန၊မျက်ရွှေနီရွာတွေကဒေသခံထောင်ဂဏန်းခန့်ဟာစစ်ဘေးရှောင်နေကြရတယ်လို့သိရပါတယ်။

နိုင်ငံရေး

ကျိုက်ထိုမှာ ဗုံးပစ်ခံရလို့ ရာဘာခြံက အမျိုးသားနှစ်ဦးသေဆုံး

မတ်၊ ၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာမှာ မတ် ၅ ရက် ၊မနက်ပိုင်းက ရော်ဘာခြံမှာ ရှိနေတဲ့ အမျိုးသားနှစ်ဦးကို ဗုံးနဲ့ပစ်ဖောက်ခွဲခံရတာကြောင့် ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ အင်္ဂဘိုကျေးရွာ ၊ရှမ်းစုပိုင်းရှိ ရာဘာခြံတစ်ခုမှာ ခြံပိုင်ရှင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မြေနဲ့အိမ်နဲ့လက်ဝယ်ပိုင်ဆိုင်သူတွေကို ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်နေ

မတ်၊ ၆ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့က မြေနဲ့အိမ်ပိုင်ဆိုင်မှုမိတ္တူ စာရွက်တွေနဲ့ အမှန်တကယ်ဝယ်ယူ၊ပိုင်ဆိုင်ထားသူတွေအပါ် အဓမ္မလိမ်လည်ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့သူတွေက DNAကိုပြောပါတယ်။  “ကျွန်တော်တို့အမေက သူ့ယောက်ခမဆီကနေ အမွေပါအပြီးဆိုပြီး အိမ်ကိုဝယ်ခဲ့တယ်၊ ဝယ်ထားတာ လည်း ကြာပြီ၊အခုအိမ်ပြန်ရောင်းမယ်လည်းဆိုရော သူတို့(အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ)ဆီမှာ အိမ်ဂရံမိတ္တူကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မှာ ယခင် ရပ်/ကျေး အုပ်ချုပ်ရေး မှူး အားလုံးကို ဖယ်ရှား ၊တပ်ထောက်ခံတဲ့ ငွေပေးနိုင်သူကိုခန့်

မတ်၊ ၆ ဧရာဝတီတိုင်း ၊ပုသိမ်မြို့နယ် အတွင်း က ရပ်ကွက် ၊ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးကို စစ်ကောင်စီ ကဖယ်ရှား ပြီး တပ်ထောက်ခံတဲ့ ငွေပေးနိုင်သူ (လာဘ်ထိုးနိုင်သူ) ကို ဦးစားပေး ခန့်ထားလိုက်တယ် လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ပြည်နယ်က ၅/ မှတ်ပုံတင် ကိုင်ဆောင်သူတွေ စိစစ်တင်းကြပ်ခံနေရ

မတ်၊ ၆ ကချင်ပြည်နယ်က လီဒိုလမ်းမကြီးအပါအဝင် လမ်းတချို့နဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတချို့မှာ စစ်ကိုင်းတိုင်းဒေသကြီး မှတ်ပုံတင်အမှတ် ၅/ ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေနဲ့ နေထိုင်သူတွေကို တင်းတင်းကြပ်ကြပ်စိစစ်နေတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ “ ပုံမှန်စစ်ဆေးရေးဂိတ်တွေကတော့ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

တအောင်း/ ပလောင်

မြန်မာများက တရုတ်ဟုခေါ်သော တရုတ်များက သူတို့ဘာသာစကားဖြင့် ဟန်လူမျိုးဟုခေါ်ပါသည်။ မြန်မာတို့က ရှမ်းဟုခေါ်သော ရှမ်းများက သူတို့ဘာသာစကားဖြင့် တိုင်း လူမျိုးဟု ခေါ်ပါသည်။ အလားတူပင် မြန်မာတို့က ပလောင်ဟုခေါ်သော ပလောင်များက သူတို့ဘာသာစကားဖြင့် တအန်း လူမျိုးဟု ခေါ်ဆိုကြပါသည်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ

” ကျွန်တော်တို့မိသားစုလို အဖြစ်တွေ ထပ်မဖြစ်အောင် နိုင်ငံတကာက ကူညီကြပါလို့ တောင်းဆိုချင်ပါတယ် ” – ကိုနိုင်သူအောင် (မိသားစုဝင်လေးယောက်အသတ်ခံခဲ့ရသူ) မတ်၊ ၆ ဒေသခံတွေ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရတဲ့ တာတိုင်ကျေးရွာ တာတိုင်ရွာမှာ ဒေသခံတွေ အစုလိုက်အပြုံလိုက် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

ကိုးကန့်

ကိုးကန့်ဒေသသည် မြန်မာပြည်၏ အရှေ့မြောက်ဘက် ရှမ်းပြည်၏ မြောက်ပိုင်းတွင် ရှိသည်။ ရှမ်းမြောက်ရှိ သံလွင်မြစ်ပေါ် ခွလျက်ရှိသော ကွန်လုံမြို့၏ မြောက်ဘက်တွင် ရှိသည်။ လားရှိုး မူဆယ် ကားလမ်းပေါ်ရှိ သိန္နီမြို့သို့ လားရှိုးမှ မိုင်(၄၀) ကျော်ခန့် ဝေးကွာသည်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ စစ်တပ်လက်ချက်နဲ့ ကြံ့ခိုင် ရေးပါတီဝင်တဦး သေဆုံး

မတ်၊ ၆ ကလေးမြို့၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ) အနီးက အောင်သစ္စာရပ်ကွက်ထဲမှာ မတ်လ (၅) ရက် နေ့လယ်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်တဦး ပစ်သတ်ခံလိုက်ရပြီး စစ်သားတွေက ပစ်ခတ်တာဖြစ်တယ်လို့ ဖြစ်စဉ်အနီးဝန်းကျင်မှာနေထိုင်တဲ့ ကလေးမြို့ခံတွေက ပြောပါတယ်။ ဘာကြောင့် ပစ်ခတ်တယ်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]