No Picture
ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားမှာပဲ ကရင်နီတောင်တန်းတွေ ပြန်လည်စိမ်းလန်းဖို့ ဆောင်ရွက်သွားဖို့စီစဉ်နေ

မတ်၊ ၇ စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝထိန်းသိမ်းရေးအဖွဲ့က တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီဒေသထဲက တောင်ကတုံးဖြစ်နေတဲ့ နေရာတွေမှာ ဒေသခံတွေနဲ့ ပူးပေါင်းပြီး နှစ်ရှည်ပင်တွေစိုက်ပျိုးကာ ပြန်လည်စိမ်းလန်းရေး ပြုလုပ်သွားဖို့ စီစဉ်နေတဲ့အကြောင်းကို မတ်လ ၆ ရက်ညက မဲဆောက်မြို့မှာသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့နယ်ကစစ်ရှောင်အယောက်၅၀ကျော်ကို ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီး၊ ခုနှစ်ဦးထွက်ပြေးလွတ်မြောက်

မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ ခင်ဦးမြို့နယ်၊မြောက်ဘက်ခြမ်းနဲ့ ကန့်ဘလူအစပ်က ကျေးရွာတွေကစစ်‌ရှောင်အယောက်၅၀ကျော်ကိုမတ်လ ၆ရက်မှာစစ်ကောင်စီကဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “သူတို့ကမနေ့ကစစ်ကြောင်းထိုးကတည်းကစစ်‌ရှောင်တွေဖက်ကိုစစ်ကြောင်းဖြတ်တာ ။အဲ့ဒီထဲမှာ စစ်ရှောင်တွေကိုဖမ်းသွားတာ ။ဒီကနေ့ အထိစစ်ကြောင်းနောက်ခေါ်သွားတာ ကျည်စုကျေးရွာကအများဆုံးပါတယ်”လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ပြည်သူတွေအနက် ၇ဦးဟာ မနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေနံချောင်းမှာ ရေဆင်းကူးသူ ကိုးဦးရေနစ်ရာက လေးဦးပျောက်ဆုံး၊တဦးအလောင်းပြန်တွေ့

မတ်၊ ၇ မကွေးတိုင်း၊ရေနံချောင်းမြို့၊ညောင်လှဆိပ်ကမ်းမှာ ရေဆင်းကူးရာက ဒေသခံကိုးဦး ရေနစ်ခဲ့ပြီး ငါးဦးကို ကယ် ဆယ်နိုင်ခဲ့ပေမယ့် လေးဦးကတော့ ရေနစ်ပျောက်ဆုံးသွားတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိ ရပါတယ်။ ပျောက်ဆုံးသူ လေးဦးထဲက တဦးရဲ့ရုပ်အလောင်းကိုတော့ ဒီကနေ့ မတ်လ ၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမြို့နယ်မှာစစ်ရှောင်ရင်းအသက်ကိုးဆယ်အရွယ်အဖွားတဦးအအေးမိပြီးကွယ်လွန်

မတ်၊ ၇ စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်စစ်ရှောင်ရင်းအသက်၉၀အရွယ်အဖွားအိုတဦးအအေးမိပြီးဒီကနေ မတ်လ ၇ရက်၊ မနက်မှာကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးသူကသရက်ကုန်းကျေးရွာက  အသက်၉၁နှစ်ဒေါ်ခင်တုပ် တဲ့။ဒီမနက်ပိုင်းကစစ်‌ရှောင်ရင်းတောထဲမှာအအေးပတ်ပြီးဆုံးတာ”လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းက DNAကိုပြောပါတယ် ။ ကွယ်လွန်သူနဲ့ပတ်သက်တဲ့မိသားစုအကြောင်းအရာကိုတော့ မသိရသေးဘူးလို့လည်းပြောပါတယ်။ မနေ့ကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတသောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။  “စစ်ရှောင်တွေထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိပ်စက်ခံနေရ

မတ်၊ ၇ မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားအခွင့်အရေးတောင်းဆိုတဲ့ နိုင်ငံရေးအကျဉ်း သားတွေ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နှိက်စက်ခံနေရတယ်လို့ ရှေ့နေတွေနဲ့ ပြန်လည်လွတ်မြောက် လာသူတွေဆီက သိရပါတယ်။  ထောင်တွင်း အကျဉ်းသားအခွင့်အရေးရဖို့ တောင်းဆိုသူတွေကို ထောင်အာဏာပိုင်တွေက ပစ်မှတ်ထားဖိနှိပ် တိုက်ခိုက်မှုတွေလုပ်လေ့ရှိတယ်လို့ ကျိုက်မရောထောင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အင်ဒိုနီးရှား ကျွန်းတခုမှာ မြေပြိုမှုတွေကြောင့် လူဒါဇင်နဲ့ချီသေပြီး အများအပြား ပျောက်ဆုံး

မတ်၊ ၇ အင်ဒိုနီးရှားပိုင် ကျွန်းတကျွန်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက မြေပြိုမှု ဖြစ်ပွားပြီး ဒါဇင်နဲ့ချီ သေဆုံးခဲ့သလို နောက်ထပ် အများအပြား ပျောက်ဆုံးနေကြောင်း သိရပါတယ်။  တောင်တရုတ် ပင်လယ်ထဲက ဝေးလံသီခေါင်တဲ့ ဆီရာဆန်ကျွန်းမှာ မတ် ၆ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံတကာရေးရာ

မီးလောင်ခဲ့တဲ့ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်ကြီး နှစ်ကုန်ပိုင်းမှာ ပြန်ဖွင့်နိုင်ဖွယ်ရှိ

မတ်၊ ၇ အကြီးအကျယ် မီးလောင်ပျက်စီးမှုတွေ ဖြစ်ခဲ့ရာ သမိုင်းဝင် နော့ထရီဒမ် ဘုရားကျောင်းကြီး ပြန်လည် မွမ်းမံ တည်ဆောက်မှုတွေ ချောမွေ့နေပြီး နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်နိုင်ဖို့ ပါရီမြို့တော် အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။  ပြင်သစ်နိုင်ငံရဲ့ အထင်ကရ ကမ္ဘာ့အံ့ဖွယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘက်ခ်မတ်က ယူကရိန်းတပ်တွေ မဆုတ်ခွာဘဲ နှစ်ဆတိုးပြီး ခုခံနေတယ်လို့ ယူကရိန်း သမ္မတပြော

မတ်၊ ၇ ဘက်ခ်မတ်မြို့ကို ကာကွယ်နေတဲ့ ယူကရိန်း တပ်တွေဟာ ဆုတ်ခွာဖို့ လတ်တလော မစဉ်းစားသေးဘဲ နှစ်ဆတိုးပြီး မဆုတ်မနစ် ခုခံနေကြဆဲလို့ ယူကရိန်း သမ္မတက ပြောပါတယ်။  ယူကရိန်း အရှေ့ပိုင်းက သတ္တုတွင်းမြို့မှာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တူရကီ ငလျင်ဘေးသင့် ပြည်သူတွေကို လေယာဉ်တစီးစာ ထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ့် ရော်နယ်လ်ဒို

မတ်၊ ၇ တူရကီက ငလျင်ဘေးသင့် ပြည်သူတွေအတွက် လိုအပ်မယ့် အသုံးအဆောင်နဲ့ အထောက်အပံ့ ပစ္စည်းတွေကို လေယာဉ်တစီးစာအပြည့် ကူညီ ပို့ဆောင်ပေးဖို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက စီစဉ်နေကြောင်း သိရပါတယ်။  ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နက်ဆာမှာ ကစားနေတဲ့ ပေါ်တူဂီ [ဆက်လက်ဖတ်ရှုရန်]

အယ်ဒီတာနှင့် ပေးစာ ပြန်စာ 

ဖက်ဒရယ်ရေးရာ အယ်ဒီတာနှင့် ပေးစာ ပြန်စာ

မတ်၊ ၇ ဒီတစ်ပတ်မှာတော့ ဖက်ဒရယ်ရေးရာ ကဏ္ဍအတွက် အယ်ဒီတာ့ထံ မေးခွန်းတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့က မခင်ရတနာက မေးခွန်းထားတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ အဲသည့်မေးခွန်းမှာ — ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဘယ်လိုကွာခြားပါသလဲလို့ မေးမြန်းထားတာ [ဆက်လက်ဖတ်ရှုရန်]