နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံရောက်မြန်မာတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး NUG ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေသွားလှူတဲ့ ပရဟိတယာဉ်မှောက်လို့ တဦးသေဆုံး

မတ်၊ ၇ စစ်ကိုင်းမြို့၊ စစ်ကိုင်း-မင်းကွန်းလမ်း အာလောင်ကျေးရွာမှာရှိတဲ့ ဥတ္တရဘောဓိကျောင်းတိုက်ကို ရေလာလှူတဲ့ မန္တလေးမြို့အခြေစိုက် ပရဟိတအဖွဲ့တခု ရေသယ်ကားမှောက်ရာက အဖွဲ့ဝင်တဦးသေဆုံးသွားတယ်လို့ သိရပါ တယ်။ မန္တလေးမြို့အခြေစိုက် နိဗ္ဗာန်သုခအသင်းက ပရဟိတရေသယ်ယာဉ်ဟာ ဒီကနေ့ မတ်လ (၇)ရက် နေ့လယ်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပင်လောင်းက စစ်ရှောင်တွေ ဝမ်းပျက်ဝမ်းလျောရောဂါအဖြစ်များနေ၊ စစ်ကောင်စီဂိတ်တွေက ဆေးဝါးတင်သွင်းခွင့်မပြုလို့ အခက်ကြုံ

မတ်၊ ၇ ရှမ်းပြည်တောင်ပိုင်းမှာ ကရင်အမျိုးသားများကာကွယ်ရေးတပ်(KNDP )ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပအိုဝ်းအမျိုးသားတပ်တို့ရဲ့  (၁၀) ရက်ခန့် တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ်ထဲက စစ်ရှောင်တွေ ဒီရက်ပိုင်း ဝမ်းပျက်ဝမ်းလျောရောဂါ အဖြစ်များလာတယ်လို့ သိရပါတယ်။   “ဝမ်းပျက်ဝမ်းလျော့က ဒီရက်ပိုင်းအဖြစ်များလာတယ်။ သူတို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး လက်နက်နဲ့ထွက်ပြေးလို့ စစ်တပ်က အပူတပြင်းလိုက်ရှာနေ

မတ်၊ ၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်စခန်းက သင်တန်းဆင်းကာစ တပ်ဖွဲ့ဝင် လေးဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားလို့စစ်တပ်က အပူတပြင်းလိုက်ရှာနေတယ်လို့ မောင်တောမြို့ နယ်အတွင်းက နယ်ခြားစောင့်ရဲနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးဟာ မနေ့က မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်းနယ် ထလင်းရွာကို စစ်ကောင်စီတပ်က စီးနင်းပြီး ရိက္ခာတွေလုယူ၊ နေအိမ်တချို့မီးရှို့

မတ်၊ ၇ မကွေးတိုင်းဒေသကြီး၊ ယောဒေသ ထီးလင်းမြို့နယ်၊ ထလင်းရွာကို ဒီကနေ့ မတ်လ ၇ ရက် မနက် ၆ နာရီဝန်းကျင်မှာ အင်အားလေးဆယ်ကျော်ပါ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ရိက္ခာတွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KBC ဥက္ကဌဟောင်းကို စစ်ကောင်စီ တရားရုံးက ပုဒ်မ နှစ်ခုအတွက် စတင်စစ်ဆေး

မတ်၊ ၇ ကချင်ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ တရားရုံးက စွဲချက်တင်ထားတဲ့ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ -ကအမှုတွေကို ဒီကနေ့ မြစ်ကြီးနားတရားရုံးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာမှာ စစ်ကောင်စီကြောင့်သေဆုံးခဲ့သူ သုံးဦးအလောင်းမတွေ့ရသေး

မတ်၊ ၇ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊လက္ကပင်ကျေးရွာကိုမတ်လ၅ရက်၊မနက် ၅နာရီမှာစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းပြီး ဒေသခံ၂၀၀ကိုဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့စစ်ရှောင်အမျိုးသား၂ဦးနဲ့အမျိုးသမီးတဦးအလောင်းမတွေ့ရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။ “ဘယ်လိုပုံစံမျိုးနဲ့သတ်ခံရလည်းဆိုတာကျွန်တော်တို့တိတိကျကျမပြောနိုင်ဘူး။ဒါပေမယ့်သူတို့သတ်ရင်ကောင်းကောင်းမွန်မွန်ဆိုတဲ့ ရုပ်အလောင်းဆိုတာမရှိပါဘူး။သူတို့ကတော့ရစရာမရှိအောင်ကိုအကြမ်းဖက်တယ်။အလောင်း၃လောင်းကိုခုချိန်ထိတိုင်မတွေ့ရသေးဘူး ။ဧရာဝတီမြစ်ကြောင်းဘက်ကိုဆွဲသွားတဲ့အရာတွေ့လို့လိုက်ရှာနေတယ်။ရွာသားတွေအခုမရွာထဲပြန်ဝင်ရှာနေတာ ”လို့ကိုတေဇာကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ လက္ကပင်ရွာကိုအာလက္ကပရွာကနေ မနက် နှစ်နာရီထိုးလောက်ထွက်လာပြီး မနက်လေးနာရီလောက်မှာဝင်စီးကာဒေသခံတွေပုန်းအောင်းနေတဲ့ရွာတောင်ပိုင်းက ဘုန်းကြီးကျောင်းကို မီးရှို့ခဲ့တယ်လို့လည်းပြောပါတယ်။ “စစ်ရှောင်နေတဲ့ဒေသခံ၂၀၀ဦးကိုဓားစာခံပုံစံမျိုးနဲ့ သူတို့သတ်မှတ်ထားတဲ့နေရာမရောက်ခင်ထိအောင်ဖမ်းခေါ်သွားတာပေါ့နော်။သူတို့ပါလာတဲ့ကျည်အိတ်တို့ဘာတို့အဲ့တာတွေကိုထမ်းခိုင်း လမ်းပြဆိုခေါ်သွားတာပဲ”လို့သူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUGက ပထမဆုံးကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲ ပီဒီအက်ဖ် ခုနှစ်ရာကျော်ဝင်ဖြေမယ်

မတ်၊ ၇ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနက ကျင်းပမဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ နိုင်ငံတဝန်းက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) က ရဲဘော်၊ ရဲမေ (၇၀၀) ကျော် ပါဝင်ဖြေဆိုဖို့ ပြင်ဆင်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အခွန်ကောက်ယူရာမှာ တရားမျှတမှုနဲ့ကြောင်းကျိုးဆီလျော်မှုကို အခြေခံဖို့ ယာယီသမ္မတပြော

မတ်၊ ၇ လူထုဆီက အခွန်ငွေတွေကောက်ခံရာမှာ တရားမျှတမှုနဲ့  ကြောင်းကျိုးဆီလျော်မှုကိုအခြေခံမူအဖြစ် ထားပြီး ဆောင်ရွက်ဖို့လိုသလို အခွန်ထမ်းပြည်သူတွေကို အလွန်အမင်းဝန်ပိစေမယ့်အခြေအနေမျိုးကို ရှောင်ကြဉ်ဖို့လို တယ်လို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဒီကနေ့ မတ်လ ၇ရက်မနက်ပိုင်းကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်ခရိုင်အတွင်းမှာ တဆယ့်ငါးရက်အတွင်း တောဆင်ရိုင်းနှစ်ကောင်အသတ်ခံရ

မတ်၊ ၇ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ပုသိမ်ခရိုင်အတွင်းမှာ ရက်ပေါင်း ၁၅ ရက်အတွင်း တောဆင်ရိုင်းနှစ်ကောင်အသတ်ခံခဲ့ရတယ်လို့ သစ်တောဦးစီးဌာနနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ပုသိမ်မြို့နယ်ချောင်းသာဒေသ၊ကန်တော်ကြီးကျေးရွာအုပ်စုအရှေ့တောင်ဘက်တောစပ်မှာ အမြင့် ၈ ပေခွဲရှိတဲ့ ဟိုင်းဆင်အမျိုးအစားတောဆင်ရိုင်းတကောင်သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ”အဲဒီတောဆင်ရိုင်းကိုလည်းမုဆိုးတွေသတ်တာပါပဲ။ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]