ဒေသအလိုက် သတင်းကဏ္ဍ

လေထုညစ်ညမ်းမှုတွေကြောင့် နယူးဒေလီမှာ စက်တပ်ယာဉ် အသုံးပြုမှုကို ကန့်သတ်ဖို့ စီစဉ်

နိုဝင်ဘာ၊ ၇ လေထုညစ်ညမ်းမှုတွေ ဆိုးရွားနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ စက်တပ်ယာဉ် အသုံးပြုမှုတွေကို ကန့်သတ် လျှော့ချသွားစေမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်ထိ သီတင်းတပတ်ကြာ ကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂါဇာဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲပြော

နိုဝင်ဘာ၊ ၇ စစ်မက်ဖြစ်ပွားနေတဲ့ ဂါဇာကမ်းမြှောင် ဒေသဟာ ကလေးတွေအတွက် သင်္ချိုင်းမြေ ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အကြီးအကဲက သတိပေး ပြောကြားလိုက်ပါတယ်။ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး တွန်းအားပေး တောင်းဆိုမှုတွေ မြင့်တက်လာချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကောလင်းမှာ အရပ်သားသေဆုံးမှု ဆယ်ဦးခန့်ရှိ၊ စားသောက်ကုန်၊ ဆေးဝါးနဲ့ ခြုံစောင်တွေ လိုအပ်

နိုဝင်ဘာ၊ ၇   တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတဲ့ ကောလင်းမြို့နယ်မှာ အရပ်သားသေဆုံးမှု ဆယ်ဦးခန့်ရှိပြီး သေဆုံးသူစာရင်းကို အချိန်တိုအတွင်း ထုတ်ပြန်နိုင်ဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပအဖ)က ဆောင်ရွက်နေတယ်လို့ Kawlin Revolution(KR) က ဒီကနေ့ ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေတာရှည် ဒေသခံလူငယ်သုံးဦး PDF လို့စွပ်စွဲဖမ်းဆီးခံရ၊ PDF ဘက်ကတပ်ဖွဲ့ဝင်မဟုတ်ဘူးလို့ငြင်းဆို

နိုဝင်ဘာ၊ ၆ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ PDF တပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းမိတယ်လို့စစ်ကောင်စီဘက်က စွပ်စွဲဖြန့်ဝေမှုတွေလုပ်နေပေမယ့် ပဲခူးတိုင်း PDF တပ်ဖွဲ့ကတော့ အဲ့ဒီသုံးဦးဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ DNAကိုပြောပါတယ်။ “သူတို့က PDF  မဟုတ်ဘူး၊ကျွန်တော်တို့ တပ်ခွဲနဲ့လည်း ပတ်သက်မှု မရှိဘူး၊အရပ်သားတွေပါပဲ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းရွာရဲစခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ ရဲ ငါးဦးကို PDF တွေ ဖမ်းမိ

နိုဝင်ဘာ၊ ၆ မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်(PDF)တွေက နိုဝင်ဘာ ၃ ရက်မှာ  ဝင်ရောက် သိမ်းပိုက်ချိန်မှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတွေထဲက ငါး ဦးပြန်လည် ဖမ်းမိနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တွင်း စခန်းအားလုံးကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်မဟာမိတ်တပ် တွေပြော

နိုဝင်ဘာ၊ ၆ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့လေးခုကို သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ညီနောင်သုံး ဖွဲ့ဟာ ကွမ်းလုံနဲ့ နမ့်ခမ်းမြို့တို့အတွင်းက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးယန္တရားတွေ အကုန်လုံး ကိုလည်း ထိန်းချုပ်ထားနိုင်ပြီလို့ မဟာမိတ်တပ်တာဝန်ရှိသူတွေက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ဆည်မှာ တိမွေးကုမြို့နယ်ဦးစီးမှူး ပစ်ခတ်ခံရလို့ သေဆုံး

နိုဝင်ဘာ၊ ၆ မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးကို  နိုဝင်ဘာလ ၂ ရက်က ပစ်ခတ်ခဲ့လို့ သေဆုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ “ ကျွန်တော်တို့ရဲ့ သေနတ်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်က ခံစစ်အဓိကထား ပြင်ဆင်နေ၊ လေကြောင်းပါ အသင့်ပြင်ထား

နိုဝင်ဘာ၊ ၆ ရှမ်းမြောက်တိုက်ပွဲတွေမှာ တပ်စခန်းတရာကျော် ဆက်တိုက် သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်စခန်းတွေမှာ စခန်းပတ်လည် မြောင်း၊ ကတုတ်ကျင်းတွေ တူးပြီး ခံစစ်အနေအထား အဆင်သင့်လုပ်နေကြတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “စခန်းသေး၊ စခန်းကြီးအကုန်လုံးမှာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စက်ရုံလုပ်သားတွေ အနည်းဆုံးလုပ်ခ နှုန်းထားအသစ်အတိုင်း မရတာတွေရှိနေ

နိုဝင်ဘာ၊ ၆   အနည်းလုပ်ခလစာကို တနေ့ကျပ်တထောင်တိုးပြီး နှုန်းထားအသစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် အောက်တိုဘာလအတွက် လစာထုတ်ရာမှာ အရင်နှုန်းအဟောင်းအတိုင်းပဲ လစာပေးတာတွေ ရှိနေသေးတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ စက်ရုံလုပ်သားတချို့က DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမှာ နွားစာရိတ်သွားသူ သုံးဦး မိုင်းနင်းမိလို့ သေဆုံး

နိုဝင်ဘာ၊ ၆   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ အပြင်မှာ နိုဝင်ဘာလ ၅ ရက်၊ မနေ့ ညနေပိုင်းမှာ နွားစာရိတ်သွားတဲ့ လူငယ်သုံးဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]