ဒေသအလိုက် သတင်းကဏ္ဍ

တော်နော်ရေတံခွန်အနီး အာရှလမ်းမှာ ကားမှောက်လို့ ရှစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ မြဝတီ ကော့ကရိတ် တော်နော်ရေတံခွန်အနီး အာရှလမ်းမကြီးပေါ်မှာ ဒီကနေ့မနက်ပိုင်းက တက္ကစီတစီး အရှိန်လွန်တိမ်းမှောက်လို့ လူရှစ်ဦးသေဆုံးသွာတယ်လို့ ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “အရှိန်တော်တော်များတယ်လို့ သိရတယ်ဗျာ၊ လမ်းဘေးမှာ ကာထားတဲ့ ကွန်ကရစ်ပြားကို တိုက်တာအဲ့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှိမ်းမကားရွာမှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ ရွာခံတဦးသေဆုံး၊ ကလေးတဦး အပါအဝင် သုံးဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ်းမကားကျေးရွာက နေအိမ်တအိမ်ပေါ်ကို လက်နက်ကြီးကျလို့ ရွာခံတဦး သေ ဆုံးပြီး နှစ်နှစ်အရွယ် ကလေးတဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီရွာခံတဦးက DNA ကိုပြောပါတယ်။ ရှိမ်းမကားရွာတောင်ဘက်က နေအိမ်တအိမ်ပေါ်ကို နိုဝင်ဘာ (၇)ရက် ညရှစ်နာရီဝန်းကျင်မှာ လက်နက်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နီပေါမှာ ငလျင်လှုပ်ပြီး ၆ ဦးထက်မနည်း သေဆုံး 

နီပေါနိုင်ငံ အနောက်ပိုင်းမှာ ရစ်ချ်တာစကေး ၅.၆ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ပြီး လူ ၆ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။  နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ငလျင်ဟာ ဆက်တီဇုန် ဒေသက ခပ်တက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆယ်ယူရရှိလာတဲ့ မြောက်ကိုရီးယား ဒုံးကျည်ဟာ ခေတ်မမီတဲ့ အမျိုးအစားလို့ တောင်ကိုရီးယားဆို  

မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တာတို ပဲ့ထိန်းဒုံး တစ်စင်းရဲ့ အစိတ်အပိုင်းတွေကို ပင်လယ်ကြမ်းပြင်အောက်ကနေ ဆယ်ယူရရှိခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်က အတည်ပြုပါတယ်။  ကနဦး လေ့လာမှုတွေအရ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ လောင်စာ အရည်ကို အသုံးပြုပြီး ခေတ်မမီတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားနဲ့ ဆွေးနွေးပြီး ပိုင်နက်နယ်မြေ တစ်စင်တီမီတာတောင် အဆုံးရှုံး မခံဘူးလို့ ယူကရိန်းပြော 

အချုပ်အခြာ အာဏာပိုင် နယ်မြေအားလုံး တစ်စင်တီမီတာမကျန် ပြန်မရမချင်း ရုရှားနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။  လက်ရှိမှာ ယူကရိန်း တပ်တွေဟာ ရုရှားက သိမ်းပိုက်ထားတဲ့ နိုင်ငံအရှေ့ပိုင်း၊ ဒွန်းညက်စ်ခ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ပေးခဲ့တာ မှားတယ်လို့ ဖီဖာဥက္ကဋ္ဌဟောင်းပြော 

ကာတာနိုင်ငံကို ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံပေးခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ပြောကြားခဲ့ပါတယ်။  အသက် ၈၆ နှစ် ရှိပြီဖြစ်တဲ့ ဘလတ္တာဟာ ဖီဖာရဲ့ အကြီးအကဲအဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

မြန်မာ့တော်လှန်ရေး တိုက်ပွဲဝင် အင်အားစုများကို ဆန်းစစ်ခြင်း 

စစ်အာဏာရှင်တွေဟာ အားကောင်းတဲ့ လက်နက်ကိုင် ခုခံမှုတွေနဲ့ ရင်ဆိုင်နေရသလို ထိန်းချုပ်နယ်မြေတွေလည်း တစ်စထက်တစ်စ ဆုံးရှုံးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တွေကို ၂၀၂၁ ခုနှစ်လောက်က စတင်စုစည်းခဲ့ချိန်မှာ အများစုကတော့ စိတ်ဆန္ဒ ပြင်းထန်နေတဲ့ လူငယ်လေးတွေ အလောတကြီး လူစုထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရချိန်အတွင်း NLD ပါတီဝင် ခုနစ်ဆယ်နီးပါး သေဆုံး

စစ်အာဏာသိမ်းပြီးချိန်ကစလို့ NLD ပါတီဝင် (၁၁၀၀)ကျော်ဖမ်းဆီးခံထားရပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် (၆၇)ဦးဟာ ဖမ်းဆီးခံရချိန်အတွင်းမှာ သေဆုံးခဲ့တယ်လို့ NLD ပါတီက ဒီကနေ့ထုတ်ပြန်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်နှစ်ပြည့် အနေနဲ့ NLDပါတီက ဒီကနေ့ ကြေညာချက်တရပ်ထုတ်ပြန်ရာမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်နယ် ပိတောက်ချုံကျေးရွာကို စစ်တပ်က မီးရှို့လို့ အိမ်ခြောက်ဆယ်ကျော်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပိတောက်ချုံကျေးရွာကို စစ်တပ်က ဒီကနေ့ နိုဝင် ဘာ (၈)မနက်ပိုင်းမှာ မီးရှို့လို့ နေအိမ် (၆၁) လုံး ပျက်စီးသွားတယ်လို့ ရွာခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်ကအင်အား (၁၂၀) ဝန်းကျင်လောက်နဲ့ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သမိုင်းကုန်းကျော်တံတားပေါ်က ခုန်ချခဲ့တဲ့အမျိုးသား ပြင်းထန်ဒဏ်ရာရ

မရမ်းကုန်းမြို့နယ်၊ သမိုင်း​ကုန်းကျော်တံတားပေါ်ကနေ ဒီကနေ့ နိုဝင်ဘာ (၈) ရက်မနက်ပိုင်းမှာအမျိုးသားတဦး ခုန်ချခဲ့ပြီး အသက်မသေပေမယ့် ​ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ အဲဒီပတ်ဝန်းကျင်မှာနေထိုင်သူတချို့က DNA ကိုပြောပါတယ်။ တံတားပေါ်က ခုန်ချတဲ့အမျိုးသားဟာ အသက် (၃၀) ဝန်းကျင်အရွယ်ရှိပြီး တံတားအနီးဝန်းကျင် ရပ်ကွက်က ဒေသခံဟုတ်မဟုတ် [ဆက်လက်ဖတ်ရှုရန်]