ဒေသအလိုက် သတင်းကဏ္ဍ

ဇင်းကျိုက်မြို့ မီးလောင်မှု ဒေသခံလေးဦးသေဆုံး

မွန်ပြည်နယ်၊သထုံခရိုင်၊ဇင်းကျိုက်မြို့နယ်၊ကွမ်း သီးခြံ ရပ်ကွက် ဘုံကျောင်းလမ်းမှာ ဒီကနေ့မနက်အစောပိုင်း သုံးနာရီဝန်းကျင်က မီးလောင်မှုဖြစ်ပြီး လူလေးဦး သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး ပြုလုပ်ပေးခဲ့တဲ့ ဂရုဏာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ခုနစ်လုံး ဆုံးရှုံးခဲ့ပြီး မီးငြိမ်းချိန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က မြို့ငယ်လေးတစ်ခုရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ နှစ်ဆယ့်သုံးနှစ်အရွယ် လူငယ်လေး အနိုင်ရ

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ လူငယ်လေး တစ်ဦးဟာ အမေရိကန်က မြို့ငယ်လေး တစ်ခုရဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။  Generation Z တစ်ဦး အသက်အရွယ် အပိုင်းအခြားမှာသာ ရှိနေသေးတဲ့ တိုင်ရင် ထရူအွန်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ထားကြောင်း ဘိုင်ဒန်ပြော 

ဒုတိယ သက်တမ်းအတွက် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ် ရှိနေကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကိုတော့ လာမယ့် နှစ်ဆန်းပိုင်းလောက်မှ အတည်ပြု ချမှတ်သွားမယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။ ဒီမိုကရက်ပါတီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ငွေသားအပြင် အနောက်နိုင်ငံလုပ် စစ်လက်နက်တွေပါ ပေးအပ်ပြီး အီရန်ဒရုန်းတွေကို ရုရှားမှာယူ

အီရန်ဆီက စစ်လက်နက် အကူအညီတွေ ရယူဖို့အတွက် သိမ်းဆည်းရမိထားတဲ့ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ရုရှားက အလဲအလှယ်သဘော ပေးအပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။  အီရန်နဲ့ ရုရှားကြားက လက်နက် အရောင်းအဝယ်ကိစ္စ ညှိနှိုင်းမှုတွေကို ထဲထဲဝင်ဝင် လိုက်လံ စုံစမ်းနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

လက်ရှိ ချန်ပီယံ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား လူစာရင်း ထုတ်ပြန်

လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ လေ့လာသူ အများစုကတော့ ပုံမှန် အခြေအနေမှာ ပြင်သစ်အတွက် အားအကောင်းဆုံး စုဖွဲ့မှုလို့ ဆိုနိုင်တဲ့ ကွင်းလယ်အင်အားဟာ ဒဏ်ရာ ပြဿနာတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စာရေးဆရာ အကြည်တော် ကွယ်လွန်

ဟာသစာပေတွေနဲ့ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာအကြည်တော် (ခေါ်) စောကြည်ဖြူဟာဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သူရဲ့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်ပေါ်ကနေ အတည်ပြုပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူပြီးနောက် မြန်မာပြည်ပြန်ရောက်ချိန်မှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့ ရဲစခန်းထဲ ပျော်ပွဲစား လုပ်နေတဲ့ ရဲတွေတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းထဲမှာ ​ပျော်ပွဲစားလုပ်ပြီး သောက်စားမူးယစ်​နေကြတဲ့ စစ်​ကောင်စီသစ္စာခံရဲ တွေကို ​နိုဝင်ဘာ (၈) ရက်ညပိုင်းမှာ ဒေသကာကွယ်​ရေးတပ်​တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ​ကြောင့် တဦး ​သေဆုံးကာ (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးတွေကို ပျူစောထီးရန်က ကာကွယ်ဖို့ မိုင်းထောင်ထားရတယ်လို့ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်တဲ့ စပါးခင်းတွေကို ဒေသတွင်း ပျူ စောထီးအဖွဲ့တွေ ခိုးယူရိတ်သိမ်းမှာနဲ့ လုယက်မှာစိုးရိမ်လို့ စပါးခင်းတွေဝန်းကျင်မှာ မိုင်းထောင်ပြီး ကာကွယ် ထားရတယ်လို့ ဂန့်ဂေါခရိုင် အမှတ်(၁) တပ်ရင်း ပြန်ကြားရေး တာဝန်ခံ ကိုစတီဗင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

YBS ခရီးသည်တွေကို ရိုက်နှက်လုယက်ခဲ့တယ်လို့ ဆိုသူတွေ ဖမ်းမိ

မရမ်းကုန်းမြို့နယ်၊ သမိုင်း ၁ ရပ်ကွက်၊ ကားမှတ်တိုင်မှာ YBS (၆၁) ယာဥ်ပေါ်က ခရီးသည်တွေကို ရိုက်နှက်လုယက်ခဲ့သူ ၈ ဦးကို ဒီကနေ့ နိုဝင်ဘာ (၉) ရက်မနက်ပိုင်းမှာ ဖမ်းမိတယ်လို့ မရမ်းကုန်းရဲစခန်းနဲ့ နီးစပ် သူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်ပက်စပို့ရုံးမှာ QR ကုဒ်အတွက် ကျပ်သိန်းချီဈေးပေါက်နေ

ရန်ကုန်မြို့မှာ နိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ ပထမအဆင့်ဖြစ်တဲ့ QR ကုဒ် လျှောက်ထားမှုအတွက် လက်မှတ်လုပ်ပေးတဲ့ပွဲစားတွေကြားထဲမှာကျပ်သိန်းချီဈေးပေါက်နေတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်နေသူတွေရဲ့ ပြောစကားအရသိရပါတယ်။ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးမှာအွန်လိုင်းစနစ်နဲ့ကြိုတင်တန်းစီနိုင်ဖို့QR ကုဒ်တွေထုတ်ပေးနေပေမယ့် အဲ့ဒီကုဒ် လျှောက်ထားဖို့အတွက်ကိုပဲ ပွဲစားတွေက နေရာဦးထားလို့ ကိုယ်တိုင်လျှောက်သူတွေအတွက် အခက်တွေ့တဲ့အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ “အခုလက်ရှိသိရသလောက်က သူတို့က [ဆက်လက်ဖတ်ရှုရန်]