စစ်ကောင်စီက ဖမ်းဆီးကာ ထောင် နှစ်နှစ်ချမှတ်လိုက်တဲ့ အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင်ကို ခြွင်း ချက်မရှိပြန်လွှတ်ပေးဖို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)က တိုက် တွန်းထုတ်ပြန်လိုက်ပါတယ်။ ကိုသက်နှင်းအောင်ကိုဖမ်းဆီးထားချိန်ကတည်းကပြန်လွှတ်ပေးဖို့ ILO ကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် စစ် ကောင်စီကအလေးမထားဘဲထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်စိုးရိမ်ပူပန်တယ်လို့လည်းဒီဇင်ဘာ(၈)ရက်ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ “ILOရဲ့တောင်းဆိုချက်ကို စစ်ကောင်စီအနေနဲ့လေး စား လိုက်နာဖို့ပြောချင်တယ်”လို့ MICS-TUsF တာ ဝန်ရှိသူတ ဦးကပြောပါတယ်။ ကိုသက်နှင်းအောင်ဟာအလုပ်သမားအရေးကိုသာလုပ်ကိုင်နေသူဖြစ်ပြီး စစ်ကောင်စီကစွပ်စွဲထားသလို ပြစ်မှု ကျူးလွန်ထားမရှိဘူးလို့ လည်းသူကဆိုပါတယ်။ မြန်မာနိုင်ငံ စက်မူ၊လက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်တဲ့…
Read Moreကိုဗစ်ကပ်ရောဂါအပြင် တပ်မတော်က အာဏာသိမ်းယူတာနဲ့ လက်နက်ကိုင် ပဋိပက္ခစတဲ့ အဖက်ဖက်က သက်ရောက်မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ဆုံးရှုံးမှု ၁ ဒဿမ ၆ သန်းခန့်ရှိမယ်လို့ ခန့်မှန်းပြီး မိသားစုတွေထဲက ကလေးတွေ ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်လာရမှု ပိုများလာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နေ့ ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြထားတာပါ။ “မတည်ငြိမ်တဲ့…
Read Moreအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း နိုင်ငံတကာ အလုပ်သမား စံချိန်စံညွှန်းတွေ ချိုးဖောက်နေတာနဲ့ ပတ်သတ်ပြီး စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကလေးသူငယ်တွေ အပါအဝင် အရပ်သားတွေကို သေစေလောက်တဲ့ အကြမ်းဖက်မှုတွေ တိုးမြင့်လာတာနဲ့ မလွှကုန်း မီးရထား သမဂ္ဂအဖွဲ့ဝင် အောင်ကိုလတ်ကို ဖမ်းဆီးနှိပ်စက်တာ စတဲ့ လုပ်ရပ်တွေ မြင့်တက်လာတဲ့အပေါ် စိုးရိမ်ပြီး ဒီလိုလုပ်ရပ်တွေ ချက်ချင်းရပ်ဖို့…
Read Moreမြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင် ၁ ဒဿမ ၆ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောပါတယ်။ စက်ရုံအလုပ်ရုံတွေ ၊ ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှု လျော့နည်းလာတာကြောင့် အမျိုးသမီးတွေဟာလည်း ကပ်ရောဂါဖြစ်ပွားမှုနဲ့ စစ်အာဏာသိမ်းမှုအကြား အဆိုးရွားဆုံး ဆုတ်ယုတ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ILO အစီရင်ခံစာက ဆိုပါတယ်။ ဇန်နဝါရီလ ၂၈ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊၊ အကြမ်းဖက်မှု၊…
Read More၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်ဖိနှိပ်မှုတွေ ကို တားဆီးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်( ILO ) တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလုပ်ငန်းခွင်တွေ မှာ အကြမ်းဖက်ခံရမှုတွေနဲ့ ခြိမ်းခြောက်နှောက်ယှက်မှုတွေ ပိုများလာတဲ့ သတင်းတွေကို ILO က လက်ခံရရှိထားတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric ကနယူးယောက်မြို့ ဒီဇင်ဘာ၃ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ လုပ်ငန်းခွင်တွေထဲ အကြမ်းဖက်ခံ…
Read More