နိုင်ငံတကာရေးရာ

ထိုင်ဝမ်ကို လက်နက်ရောင်းချခွင့်ပြုရေး အမေရိကန်အောက်လွှတ်တော်ကို အဆိုပြုမယ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကဒေါ်လာ ၁ ဒဿမ ၁ဘီလီယမ် တန်ဖိုးရှိတဲ့လက်နက်တွေ ထိုင်ဝမ်ကို ရောင်းချ ခွင့်ပြုဖို့ အမေရိကန်အောက်လွှတ်တော်မှာ အဆိုပြုသွားမယ်လို့ ဩဂုတ်လ ၂၉ရက်နေ့က ပြောကြားလိုက်ပါတယ်။ အဲ့ဒီရောင်းချမှုမှာ သင်္ဘော ဖျက်ဒုံးကျည်အစင်း ခြောက်ဆယ် နဲ့ လေကြောင်းပစ်ဒုံးကျည် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်-တောင်ကိုရီးယား အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဒီကနေ့ ဩဂုတ်လ ၂၂ရက်နေ့မှာတော့ အမေရိကန်နဲ့တောင်ကိုရီးယားဟာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ စတင်နေပြီလို့ တရားဝင်ပြောကြားလိုက်ပါတယ်။ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ အလားအလာရှိတဲ့ လက်နက်စမ်းသပ်မှုတွေကို တင်းကြပ်ဖို့ ကြိုးစားနေချိန် အခုလို ပူးတွဲစစ်ရေးလေ့ကျင်မှု ပြုလုပ်တာ ဖြစ်ပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆယ်စုနှစ်ချီခိုးယူခံထားရတဲ့ ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်းတွေကို အမေရိကန် ပြန်လည်ပေးအပ်

ခိုးယူခံထားရတဲ့ ကမ္ဘောဒီးယားအနုပညာလက်ရာတွေနဲ့ ရှေးဟောင်းပစ္စည်း ၃၀ ကို အမေရိကန်က ကမ္ဘောဒီးယားကို ဩဂုတ်လ ၈ ရက်နေ့မှာ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပစ္စည်းတွေဟာ ရှေးဟောင်းခမာမြို့ အပါအဝင် ကမ္ဘောဒီးယားနိုင်ငံတလွှား ခိုးယူခံခဲ့ရတာဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ဆယ်စုနှစ်ချီပြီး မှောင်ခိုဈေးကွက်ထဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားရဲ့ကျူးကျော်စစ်ကြောင့် လူပေါင်း သန်းလေးဆယ်ကို စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်စေတယ်လို့ အမေရိကန်ပြော

ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်မှုကြောင့် လူသန်းပေါင်း ၄၀ စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ အာဖရိကတိုက်ရဲ့  ဆာဟာရဒေသကို အပြင်းထန်ဆုံး ထိခိုက်နိုင်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ဒီကနေ့ ဩဂုတ်လ ၅ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်ဟာ ရုရှားအတွက် အဓိက ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပူတင်ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားရဲ့ အဓိကပြိုင်ဘက်အဖြစ် အမေရိကန်ကို ရည်ညွှန်းတဲ့ ရေတပ်အယူဝါဒသစ်ကို ဇူလိုင်လ ၃၁ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဲဒီအယူဝါဒသစ်မှာ အာတိတ်နဲ့ ပင်လယ်နက်လို အရေးပါတဲ့ ဒေသတွေအတွက် ရုရှားရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း ရည်မှန်းချက်တွေကိုလည်း ချမှတ်ထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ လူကုန်ကူးမှုမြင့်တက်နေတယ်လို့ အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေဟာ သိသိသာသာကျဆင်းသွားပြီး ၊ လူကုန်ကူးခံရနိုင်တဲ့ အန္တရာယ် မြင့်တက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအရ သိရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်မှာ ဒေါ်လာသန်းချီတန်တဲ့ ရတနာတွေ သယ်ဆောင်လာတဲ့ယာဉ် လုယက်ခံရ

ပြီးခဲ့တဲ့သီတင်းပတ်က လော့စ်အိန်ဂျလိစ်မြောက်ပိုင်းကို သယ်ဆောင်လာတဲ့ ကျည်ကာယာဉ်တစီးပေါ်ကနေ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ လက်ဝတ်ရတနာတွေနဲ့ ကျောက်မျက်ရတနာတွေ လုယက်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ဇူလိုင်လ ၁၈ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီရတနာတွေဟာ ကယ်လီဖိုးနီးယားမှာကျင်းပတဲ့ လက်လီအရောင်းပြပွဲတစ်ခုက ပြသသူတွေ ပိုင်ဆိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇူလိုင်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိ လက်နက်တွေ ရောင်းချဖို့ အတည်ပြု

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချဖို့   အတည်ပြုလိုက်ကြောင်း ပင်တဂွန်က ဇူလိုင်လ ၁၅ရက်နေ့မှာ လက်နက်ရောင်းတဲ့နေရာမှာ အက်စ်တိုးနီးဘားနိုင်ငံအတွက် HIMARS [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး သဘောတူညီချက်အပေါ် အီရန်ကန့်ကွက်

အမေရိကန်နဲ့အစ္စရေးတို့ရဲ့ လေကြောင်းရန် ကာကွယ်ရေး သဘောတူညီချက် အစီအစဉ်တွေဟာ ဒေသတွင်းတင်းမာမှုတွေကိုသာ တိုးလာစေမှာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၉ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်နဲ့ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်ဖို့အတွက် အာရပ်နိုင်ငံတွေနဲ့ ပူးတွဲကာကွယ်ရေးသဘောတူညီချက်ရရှိဖို့ အမေရိကန်နဲ့အစ္စရေးတို့က လုပ်ဆောင်နေတာဖြစ်ပါတယ်။ “ဒေသတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယား ဟက်ကာတွေက ဆေးရုံနဲ့ကျန်းမာရေးအဖွဲ့အစည်းတွေကို ပစ်မှတ်ထားနေတယ်လို့ အမေရိကန်ပြော

မြောက်ကိုရီးယားကျောထောက်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ အမေရိကန်နိုင်ငံရှိ ဆေးရုံတွေနဲ့ တခြားကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့  အဖွဲ့အစည်းတွေကို ransomware ဗိုင်းရပ်နဲ့ တိုက်ခိုက်နေတယ်လို့  FBI ကသတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယား ဟက်ကာသမားတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးကဏ္ဍကို အနည်းဆုံး ၂၀၂၁ ခုနှစ် မေလကတည်းက [ဆက်လက်ဖတ်ရှုရန်]