ထိုင်ဝမ်ကို လက်နက်ရောင်းချခွင့်ပြုရေး အမေရိကန်အောက်လွှတ်တော်ကို အဆိုပြုမယ်

Photo – Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကဒေါ်လာ ၁ ဒဿမ ၁ဘီလီယမ် တန်ဖိုးရှိတဲ့လက်နက်တွေ ထိုင်ဝမ်ကို ရောင်းချ ခွင့်ပြုဖို့ အမေရိကန်အောက်လွှတ်တော်မှာ အဆိုပြုသွားမယ်လို့ ဩဂုတ်လ ၂၉ရက်နေ့က ပြောကြားလိုက်ပါတယ်။

အဲ့ဒီရောင်းချမှုမှာ သင်္ဘော ဖျက်ဒုံးကျည်အစင်း ခြောက်ဆယ် နဲ့ လေကြောင်းပစ်ဒုံးကျည် အစင်းတစ်ရာ ပါဝင်တယ် လို့သတင်းအရင်းအမြစ်တွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး  Politico သတင်းဌာနက ဖော်ပြ ထားပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ အခုလအတွင်း ထိုင်ဝမ်ခရီးစဉ်အပြီးမှာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရထိုင်ဝမ်ကျွန်းအနီး တရုတ်ကအကြီးဆုံး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတာပါ။ ဘေကျင်းအနေနဲ့ ထိုင်ဝမ်ကျွန်းဆွယ်ကို သူ့ရဲ့ထိန်းချုပ်မှု အောက်ရောက်လာဖို့ မစိုးမိုးနိုင်သေးပါဘူး။

ထိုင်ဝမ်ကျွန်းဆွယ်အနီး တရုတ်ဒရုန်းတွေနှောက်ယှက်ပျံသန်းနေတယ်ဆိုတဲ့ထိုင်ဝမ်ရဲ့ပြောကြားချက်ကို တရုတ်ကပယ်ချခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်နဲ့ လွှတ်တော်အမတ်တွေက ထိုင်ဝမ်ကို ကူညီထောက်ပံ့နေတာတွေနဲ့ပက်သက်လို့အလေး ပေးလုပ်ဆောင်နေပြီး ထိုင်ဝမ်အတွက်ပိုက်လိုင်းစီမံကိန်းကို ခွင့်ပြုပေးရေးအတွက်လည်းပါဝင်ပါတယ်။

အဲ့ဒီ ပိုက်လိုင်းစီမံကိန်းတွေနဲ့ပက်သက်ပြီး လာမယ့်သတင်းပတ် ဒါမှမဟုတ်လာမယ့်လတွေမှာ ကြေညာ သွားနိုင်တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။  

တရုတ်နဲ့တင်းမာမှုမြင့်တက်နေတဲ့အချိန် ပြဿနာပိုကြီးလာအောင် ထိုင်ဝမ်ကို အကူအညီအသစ်တွေ ထောက်ပံ့တာထက် အမေရိကန်အနေနဲ့ ထိုင်ဝမ်ရဲ့ လက်ရှိစစ်ရေးစနစ်တွေ နဲ့ ညွှန်ကြားချက်တွေကို ဖြည့်ဆည်းပေးဖို့ အဓိကလုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီပြောကြားချက်တွေနဲ့ပက်သက်လို့ အိမ်ဖြူတော်က သီးခြားမှတ်ချက်ပေးပြောကြားတာမျိုးတော့ မရှိသေး ဘူးလို့ဆိုပါတယ်။