ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းနဲ့ဆန္ဒပြ

ကလေးမြို့က ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေပါဝင်တဲ့ ကလေးမြို့ပင်ပသပိတ်စစ်ကြောင်းဟာ “ကလေးပါ မကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ “ဒီလောက်ကလေးတွေကို ရက်ရက်စက်စက်လုပ်နေတာကြီးကို မျက်ကွယ်မပြုသင့်ဘူး၊ နိုင်ငံတကာကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးတွေပါမချန် သတ်ဖြတ်တဲ့စစ်တပ်ကို ဆောမြို့က ပြည်သူတွေ ဆန္ဒပြ

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်ခန့်ထားဖို့ဆောမြို့ကပြည်သူတွေ ဆန္ဒပြရာမှာ စစ်တပ်က ကလေးတွေပါမချန်သတ်ဖြတ်နေတာကို လက်မခံဘူးလို့ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့ခံပြည်သူလူထုအင်အား (၂,၀၀၀) ဝန်းကျင်လောက်ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲကို စက်တင်ဘာ (၁၉) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးရေထဲမှာလည်း မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

ကလေးမြို့မှာ စက်တင်ဘာ (၇) ရက် မနက်ပိုင်းက မိုးရွာနေပေမယ့် ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေကတော့ စစ်အာဏာရှင်ဆန့်ကျင်သပိတ် (၅၇၈) ရက်မြောက်အဖြစ် မပျက်မကွက် ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “မနက်ပိုင်းမိုးလေးရွာလာတော့ ကျမဆို စျေးတောင်မသွားဖြစ်ဘူး၊ သူတို့တွေက မိုးရွာရွာ၊ နေပူပူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG နဲ့ လူထုသံတမန်ကို လက်ခံဖို့တောင်းဆိုတဲ့ ကလေးမြို့ သပိတ်စစ်ကြောင်း

ကလေးမြို့နယ်ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေဟာ NUG နဲ့ပြည်သူ့သံ အမတ်ကို လက်ခံဖို့ အာဏာရှင်ကိုငြင်းဆန်ဖို့ စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း ကကလေးမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ “ကျွန်မတို့အနေနဲ့တော့ ရင်ထဲမှာကိုယ့်အားကိုယ်ပဲကိုးတယ်၊ကျမတို့ပြည်သူတွေကိုပဲအားကိုးတယ် ၊UN ကို အရမ်းအားကိုးနေတာမျိူးမရှိပေမယ့် ကျမတို့လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်တဲ့သဘောပဲ” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ အဏာရှင်ဆန့်ကျင်ရေး ဟောပြောဆန္ဒပြ

ကလေးမြို့နယ် ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာစက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ အာဏာရှင်ပြုတ်ကျရေး ဟောပြောဆန္ဒပြခဲ့ကြပါတယ်။ “ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် လူထုတစ်ရပ်လုံးအနေနှင့် ထောက်ခံကြောင်းပြသဖို့၊ လူထု သပိတ်အပေါ် နည်းနာမျိုးစုံဖြင့် ပါဝင်ပြီး တော်လှန်တိုက်ပွဲဝင်ကြဖို့ ပြည်သူလူထုကို အသိပေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်ပိုင် H&M စက်ရုံအနီး တော်လှန်လူငယ်တွေ ဆန္ဒပြ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ထဲက H&M တံဆိပ်ချုပ်စက်ရုံနားမှာ တော်လှန်လူငယ်တွေက ၅/ ၊ ၈/ ၊ ၉/ စာသားပါ တီရှပ်တွေဝတ်ဆင်ပြီး ဒီကနေ့ သြဂုတ် ၂၅ ရက်မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ “အဲ့စက်ရုံက ၅/ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီနိုင်ငံမှာ ရာဇဝတ်မှုထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လူထောင်ချီဆန္ဒပြ

ဟေတီနိုင်ငံမှာ  ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်တဲ့ ဩဂုတ်လ ၂၂ရက်နေ့က ဆန္ဒပြပွဲမှာ ထောင်နဲ့ချီတဲ့လူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။  နိုင်ငံမှာ ၁၀နှစ်အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ရောက်ရှိလာတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဆန္ဒပြ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာနဲ့ လီဗာပူးအသင်းတို့ ကစားခဲ့တဲ့ ဒီနေ့ ဩဂုတ်လ ၂၃ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ  အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစု ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဂလေဇာမိသားစုအနေနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဘောလုံးအဖွဲ့အစည်းကို ယိုယွင်းအောင်လုပ်ဆောင်နေလို့ ခုလိုဆန့်ကျင့်တာ ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ “ငါတို့ ဘယ်တော့မှမကြောက်ဘူး” စာသားကိုင်ဆောင်ချီတက်

နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို စစ်အုပ်စုက ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ကြေညာပြီး ဒီနေ့ဇူလိုင်လ ၂၅ရက် ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေမှ “ငါတို့ ဘယ်တော့မှ မကြောက်ဘူး” စာသားကိုင်ဆွဲပြီး အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားချီတက် ဆန္ဒပြ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အဆုံးထိတော်လှန် ၅/တို့အားမာန်” စာတန်းကိုင်ဆောင်ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်ဟာ ဇူလိုင်လ ၈ရက်နေ့က “အဆုံးထိတော်လှန် ၅/တို့ အားမာန်” စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ချီတက်ဆန္ဒပြနေတာ ၅၁၆ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။ Photo – CJ