ကလေးတွေပါမချန် သတ်ဖြတ်တဲ့စစ်တပ်ကို ဆောမြို့က ပြည်သူတွေ ဆန္ဒပြ

Photo – CJ

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်ခန့်ထားဖို့ဆောမြို့ကပြည်သူတွေ ဆန္ဒပြရာမှာ စစ်တပ်က ကလေးတွေပါမချန်သတ်ဖြတ်နေတာကို လက်မခံဘူးလို့ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြို့ခံပြည်သူလူထုအင်အား (၂,၀၀၀) ဝန်းကျင်လောက်ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲကို စက်တင်ဘာ (၁၉) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ကလေးတွေကိုပါသတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး”ဒါကြီးက ဘယ်လိုနည်းနဲ့မှ လုံးဝလက်ခံလို့မရဘူး” လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့The Youth Force (Saw & Kyaukhtu) တာဝန်ခံကိုဇင်ကိုဝင်းက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်သူတွေကကလေးငယ်တွေကိုပါရက်စက်စွာသတ်ဖြတ်တဲ့ စစ်အာဏာရှင်ကို လုံးဝလက်မခံကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီဆန္ဒထုတ်​ဖော်ပွဲကို The Youth Force (Saw & Kyaukhtu) အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး ဆောမြို့နယ် ပ.က.ပအဖွဲ့ဝင်တွေနဲ့အတူအတူ တက်ရောက်လာတဲ့ပြည်သူတွေကို လုံခြုံရေးယူပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရပ်တွေကို နှစ်ပေါင်းများစွာ ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တဲ့သူတွေကို နောက်ထပ်မကျူးလွန်နိုင်အောင် တိုက်ထုတ်သွားမှာဖြစ်တယ်လို့ ကိုဇင်ကိုဝင်းကဆိုပါတယ်။