ကလေးမြို့မှာ အဏာရှင်ဆန့်ကျင်ရေး ဟောပြောဆန္ဒပြ

Photo – CJ

ကလေးမြို့နယ် ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာစက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ အာဏာရှင်ပြုတ်ကျရေး ဟောပြောဆန္ဒပြခဲ့ကြပါတယ်။

“ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် လူထုတစ်ရပ်လုံးအနေနှင့် ထောက်ခံကြောင်းပြသဖို့၊ လူထု သပိတ်အပေါ် နည်းနာမျိုးစုံဖြင့် ပါဝင်ပြီး တော်လှန်တိုက်ပွဲဝင်ကြဖို့ ပြည်သူလူထုကို အသိပေး ဟောပြောခဲ့တာတွေလဲပြုလုပ်ခဲ့တာပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးနှင့် သပိတ်မှာပါဝင်တဲ့ ဒေသခံတက်ကြွလူပ်ရှားသူတစ်ဦးတို့က အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြပါတယ်။ ဟောပြောအပြီးမှာ ကလေးမြို့နယ် သပိတ်မှောက်ပြည်သူတွေဟာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။