ဟားခါးမှာ ခရစ္စမတ်ပွဲတော်ကို အွန်လိုင်းအစီအစဉ်နဲ့သာ ကျင်းပမယ်

ဟားခါးမှာ ခရစ္စမတ်ပွဲတော်ကို အွန်လိုင်းအစီအစဉ်နဲ့သာ ကျင်းပမယ်

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် ဟားခါးမြို့မှာ လာမယ့်ခရစ္စမတ်ပွဲတော်ကို အရင်နှစ်တွေလို ခမ်းနားစွာ မကျင်းပတော့ဘဲ အွန်လိုင်းအစီစဉ်နဲ့သာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Chin World မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ကပ်ဆိုဒဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အခုလို လုပ်ဆောင်မှာဖြစ်တယ်လို့ သင်းအုပ်ဆရာတော်တစ်ပါးက ပြောပါတယ်။ “ဒီနှစ်ကျတော့လေ ထန်တလန်မီးလောင်တာနဲ့ ဖလမ်းမီးလောင်တာနဲ့ ဒုက္ခမျိုးစုံပေါ့နော်၊ နောက်ပြီးတော့ ကပ်ဘေးရောဂါကြောင့် ဆုံးပါးသွားတဲ့သူတွေ ပြီးရင် တော်လှန်ရေးကြောင့် ကျဆုံးသွားတဲ့ကျွန်တော်တို့ ညီအကို…

Read More
ဟားခါး-ဖလမ်းလမ်းပိုင်းမှာ ပိတ်မိနေတဲ့စစ်အုပ်စု ၇ရက်အတွင်း ၂၀ကျော်သေ

ဟားခါး-ဖလမ်းလမ်းပိုင်းမှာ ပိတ်မိနေတဲ့စစ်အုပ်စု ၇ရက်အတွင်း ၂၀ကျော်သေ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် ဟားခါးမြို့ကို အင်အားဖြည့်တင်းဖို့ ဖလမ်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုက သေဆုံးထိခိုက်မှု များပြားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ကို စစ်အုပ်စုက သံချပ်ကာယာဉ်အပါအဝင် စစ်ကား ၅၀ကျော် အောက်တိုဘာ ၁၂ရက်က ရောက်ရှိလာတာဖြစ်ပြီး ဟားခါးဘက်ကို အင်အားဖြည့်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ အဲဒီလို ကြိုးပမ်းနေတဲ့ စစ်အုပ်စုကို CNF လက်အောက်ခံ…

Read More
ဂန့်ဂေါနဲ့ဟားခါးကို အကြမ်းဖက်တပ်သား တထောင်ကျော် ပို့ဆောင်ခဲ့

ဂန့်ဂေါနဲ့ဟားခါးကို အကြမ်းဖက်တပ်သား တထောင်ကျော် ပို့ဆောင်ခဲ့

၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အခုသီတင်းပတ်အတွင်း ပုလဲမြို့နယ်ကိုဖြတ်ကာ ဂန့်ဂေါနဲ့ ဟားခါးသို့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ ပုလဲမြို့နယ်အတွင်းက ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေ ကပြောပါတယ်။ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကမြို့နယ်တချို့မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ် စုက စစ်အင်အားနဲ့လက်နက်အင်အားအများအပြား ချထားတယ်ဆိုတဲ့ သတင်းတွေကြောင့် အထူးပဲစိုးရိမ်မိတယ်လို့ ကုလသမဂ္ဂလူ့အ ခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ravina Shamdasani က အောက်တိုဘာ ၈ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး မေးခွန်းခဲ့ရာ…

Read More
ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အပစ်ခံရပြီး ရဲတစ်ဦး သေ

ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အပစ်ခံရပြီး ရဲတစ်ဦး သေ

၅၊ စက်တင်ဘာလ၊ ၂၀၂၁။ ဟားခါးမြို့နယ် စျေးသစ်ရပ်ကွက်မှာရှိတဲ့ ချင်းပြည်အစိုးရအဖွဲ့ရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို စက်တင်ဘာလ ၄ရက်နေ့ ည ၁၂နာရီဝန်းကျင်က အမည်မသိအဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဲတစ်ဦး သေသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အစိုးရရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ယာဘက်ကနေ ဗုံးနဲ့ လှမ်းပစ်ခဲ့ပြီးနောက် အကြမ်းဖက်စစ်အုပ်စုက ကြောက်လန့်တကြား ပြန်လည်ပစ်ခတ်ခဲ့ကြတာလို့ သိရပါတယ်။ “ရဲတစ်ယောက်က သေတယ်တော့ ပြောနေကြတယ် အခုထိကို သေချာ မသိကြဘူး၊ ပစ်ခတ်မှုတွေ ဖြစ်သွားတာတော့ ဟုတ်တယ်၊ ညဖက်မို့…

Read More