ဒေသအလိုက် သတင်းကဏ္ဍ

တွံတေး ကျောင်းတွေမှာ စစ်ကျွန်စာမေးပွဲကို ကန့်ကွက်ကြောင်း စာတွေကြဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း ၂၀ မှာ စစ်ကျွန်ပညာရေးအတန်းတင်စာမေးပွဲကို ကန့်ကွက်ကြောင်း စာတွေကြဲဖြန့်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၃ နာရီလောက်မှာ တွံတေးမြို့နယ် အတွင်းရှိ၊အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲနဲ့ မူလတန်းလွန်ကျောင်း စုစုပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သန်လျင်ပြည်သူကို ဒုက္ခပေးနေတဲ့ ပျူတစ်ဦးနဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ပြည်သူကို ဒုက္ခမျိုးစုံပေးနေတဲ့ ပျူစောထီးအဖွဲ့၀င်နဲ့ အကြမ်းဖက်စစ်သားတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပျူစောထီးအဖွဲ့ဝင် ဂဏန်းဆိုသူကို ပြည်သူကို ဒုက္ခမပေးဖို့ သန်လျင်ပကဖက သတိပေးစာ ထုတ်ပြန်ခဲ့ပေမဲ့ မရပ်တဲ့အပြင် လာရှင်းပါလို့ စိန်ခေါ်နေတဲ့အတွက် သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ ဂိတ်စောင့်စစ်သား ခေါင်းရိုက်ခွဲခံရ၊ အနည်းဆုံး ၅ ချက်ချုပ်ရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ ဂိတ်စောင့်စစ်သားကိုပြည်သူတစ်ဦးက ခေါင်းရိုက်ခွဲခဲ့ရာ အနည်းဆုံး ၅ ချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ ယမန်နေ့ ညနေ ၃ နာရီခွဲလောက်က ခရမ်းမြို့၊ သစ်တောစစ်ဆေးရေးဂိတ်မှာ ဂိတ်စောင့်နေတဲ့ စစ်သားဟာ ဆိုင်ကယ်မောင်းလာတဲ့ပြည်သူကို အစစ်အဆေးကြမ်းတာကြောင့် အဲဒီပြည်သူက သည်းမခံနိုင်ဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းပြည်သူတွေ မိုင်းကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်သွားကြဖို့ PDF မေတ္တာရပ်ခံ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ မိုင်းနဲ့ထူးဆန်းတဲ့အရာတွေ တွေ့ရှိပါက မစပ်စုဘဲ မမြင်ချင်ယောင် ဆောင်သွားကြဖို့ ခရမ်း PDF က မေတ္တာရပ်ခံလိုက်ပါတယ်။ ယမန်နေ့မနက်ပိုင်းက ခရမ်းမြို့၊ ကံသာ ဘုန်းကြီးကျောင်းကိုသွားတဲ့ အကြမ်းဖက်စစ်တပ် ပြန်လာချိန် ဖောက်ခွဲဖို့ ထောင်ထားတဲ့မိုင်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်လို့ အများသတ်မှတ်တဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ စနိုက်ပါသမားတွေကို ကင်းချထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့ပေါ် ဒလန်လို့အများကသတ်မှတ်ထားတဲ့ မုန့်ဟင်းခါးဆိုင်ကို ကာကွယ်ဖို့ အကြမ်းဖက်စစ်တပ်ဟာ မီးသတ်ရုံးအပေါ်မှာ စနိုက်ပါသမား ၃ ဦး ကင်းချထားတယ်လို့သိရပါတယ်။ ခရမ်းစတိုး လိပ်ပြာတောင်ဆိုင်ခွဲ ခေါင်းရင်း၊ လျှပ်စစ်ရုံးရှေ့တည့်တည့်၊ မီးသတ်ရုံးအနီးက မုန့်ဟင်းခါးဆိုင်ကို စစ်သတင်းပေး ဒလန်ဆိုင်လို့အများက သတ်မှတ်ထားပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သတင်းပေးလို့ နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ခရမ်းမြို့အဝင်အထွက်ကို ပိတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ စစ်သတင်းပေးလို့နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့အဝင်အထွက် လမ်းတွေကို အကြမ်းဖက်စစ်တပ်က ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းကစပြီး ရဲမွန်စစ်ဆေးရေးဂိတ်၊ ကရင်ကန်စစ်ဆေးဂိတ်၊ ဒေးပေါက်စစ်ဆေးရေးဂိတ်၊ သစ်တောစစ်ဆေးရေးဂိတ်၊ ဆည်မြောင်းဘက်နဲ့ ကွမ်းမိုးဒိန်းဘက်တို့ကို ပိတ်ဆို့လိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ်က ဒလန်လို့ နာမည်ကြီးနေသူ တစ်ဦးကို ရှင်းလင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ၁၀ ရပ်ကွက်နေ အကြမ်းဖက်စစ်တပ် သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး ပစ်ခတ်ခံရပြီး ရန်ကုန်စစ်ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။ ဒလန်လို့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားနေသူ မြင့်စိုးကို ဒီနေ့မနက် ၅ နာရီခွဲလောက်က ၁၁ ရပ်ကွက် ကုန်းဆင်းနားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်း လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဆေးရုံရောက်အကြမ်းဖက်စစ်အုပ်စုဝင် တစ်ဦး ထပ်သေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ နယ် လျှပ်စစ်ရုံးရှေ့ဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ အကြမ်းဖက် စစ်အုပ်စုဝင် နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ ချေဂွေဗားရား ပြောက်ကျားတပ်ဖွဲ့-ကျောက်တန်း (CRF) က ထုတ်ပြန်ပါတယ်။ ကျောက်တန်းမြို့ လျှပ်စစ်မီတာရုံးကို မတ်လ ၅ ရက်နေ့ မနက် ၈ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမှာ လိုင်းကြေးပေးဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေများလာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ရဲတို့ကို လိုင်းကြေးပေးဖွင့်နေတဲ့ လောင်း ကစားဝိုင်းတွေ များပြားလာကြောင်း သိရပါတယ်။ ခရမ်းမြို့နယ်၊ ပန်းတောချောင်ရွာအတွင်း ကြက်ဝိုင်းနဲ့ဖဲဝိုင်းကို တနင်္လာနေ့နဲ့ သောကြာနေ့တို့မှာ ရွာခံတစ်ဦးက အပတ်စဉ်ပြု လုပ်နေပြီး လိုင်းကြေးအဖြစ် အကြမ်းဖက်စစ်တပ်ကို တစ်ပတ်မှာ ကျပ်တစ်သိန်းခွဲကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တန်း လျှပ်စစ်ရုံးရှေ့က ရဲကင်းမှာ ဗုံးကွဲ၊ တစ်ဦးပွဲချင်းပြီးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ လျှပ်စစ်ရုံးရှေ့က ရဲကင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ချေဂွေဗားရားပြောက်ကျားတပ်ဖွဲ့-ကျောက်တန်း (CRF) နဲ့ Thongwa Youth Force [ဆက်လက်ဖတ်ရှုရန်]