ယူကရိန်း နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း နယ်မြေတချို့မှာ ရုရှားဖက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာနေကြောင်း ယူကရိန်း စစ်တပ်က အတည်ပြုပါတယ်။ အနောက်နိုင်ငံတွေက ယူကရိန်းအတွက် ခေတ်မီ တိုက်ပွဲဝင် တင့်ကားတွေ ပို့ဆောင်ဖို့ ကတိပြုလိုက်တဲ့နောက် ချက်ချင်းဆိုသလို ရုရှားဖက်က စစ်ဆင်ရေးတွေနဲ့ ဒုံးကျည် ပစ်ခတ်မှုတွေ များပြားလာခဲ့ပါတယ်။ အခု သီတင်းပတ်ထဲမှာ ရုရှားဒုံးကျည်တွေ ကျရောက် ပေါက်ကွဲလို့ ယူကရိန်း အရပ်သား တစ်ဒါဇင် ဝန်းကျင်လောက်…
Read Moreအမေရိကန်ဟာ ယူကရိန်းဆီကို သူတို့ရဲ့ နည်းပညာပိုင်း အဆင့်အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ တိုက်ပွဲဝင် တင့်ကားတွေ ပေးပို့သွားမယ်လို့ သိရပါတယ်။ အစောပိုင်းမှာ အမေရိကန်က ယူကရိန်းအတွက် M1 Abrams တင့်ကား ၃၁ စီး ပေးပို့သွားမယ်လို့ပဲ ကြေညာထားခဲ့ပေမယ့် ဘယ်မျိုးကွဲလဲ ဆိုတာကို အတိအကျ မပြောထားပါဘူး။ အခုအခါမှာတော့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လက်ထောက် ပြန်ကြားရေး အရာရှိချုပ် ဆာဘရီနာဆင်းက ယူကရိန်းဆီ ပေးပို့မှာဟာ M1A2 မျိုးကွဲ…
Read Moreယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော် စစ်ပြုမှုနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ ကမ္ဘာကျော် တင်းနစ်သမား နိုဗက်ခ် ဂျိုကိုဗစ်ကို ယူကရိန်း သံအမတ်က တောင်းဆိုလိုက်ပါတယ်။ ကမ္ဘာ့နံပါတ် ၁ တင်းနစ်သမားဟောင်း တစ်ဦးဖြစ်ပြီး လက်ရှိ မျိုးဆက်ရဲ့ အတောက်ပဆုံး အားကစား ကြယ်တစ်ပွင့်အဖြစ် သတ်မှတ် ခံထားရသူ ဂျိုကိုဗစ်ဟာ လတ်တလောမှာ ဩစတြေးလျ အိုးပင်းကို ပါဝင် ယှဉ်ပြိုင် ကစားနေပါတယ်။ ဒါပေမဲ့…
Read Moreယူကရိန်းအတွက် ပင်မ တိုက်ပွဲဝင် တင့်ကားကြီးတွေ ပေးပို့သွားဖို့ အစဉ်တစိုက် ငြင်းဆန်နေတဲ့ ခေါင်းမာမှုကို အမေရိကန်ရော၊ ဂျာမနီပါ စွန့်လွှတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ အနောက်နိုင်ငံ နှစ်ခုက သတင်းတွေရဲ့ အဆိုအရ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ M1 Abrams တင့်ကားတွေကို ယူကရိန်းဆီ လွှဲပေးဖို့ ပြင်ဆင်နေသလို ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ကလည်း Leopard 2 တင့်ကားကြီးတွေ ပေးပို့နိုင်ရေးအတွက် ခေါင်းညှိတ်ဖို့…
Read Moreအစိုးရ အဖွဲ့ဝင်တဦး အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့နောက် အဂတိ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ထဲထဲဝင်ဝင် ဆောင်ရွက်သွားမယ်လို့ ယူကရိန်း အစိုးရက ကတိပြုခဲ့ပါတယ်။ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ယူကရိန်း အစိုးရရဲ့ အခြေခံ အဆောက်အအုံ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗာဆဲလ် လိုဇင်စကီးကို ရာထူးက ထုတ်ပယ်လိုက်တဲ့နောက် အဂတိ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို…
Read Moreပိုလန်ကသာ သူတို့ရဲ့ ဂျာမန်လုပ် တင့်ကားကြီးတွေ ယူကရိန်းဆီ ပေးပို့ ကူညီချင်တယ်ဆိုရင် ကြားဝင် ဟန့်တားမှာ မဟုတ်ကြောင်း ဂျာမနီ အစိုးရက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ကမကထပြုပြီး NATO အပါအဝင် မဟာမိတ် နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေ အစည်းအဝေး တစ်ခုကို ဂျာမနီမှာ ကျင်းပခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး…
Read Moreအမေရိကန် ဦးဆောင်နဲ့ အနောက် မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို ဂျာမနီလုပ် တိုက်ပွဲဝင် တင့်ကားတွေ ထောက်ပံ့ပေးဖို့ ဆွေးနွေးမှုမှာ သဘောတူညီမှု တစ်စုံတရာ မရရှိဘဲ ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂၀ မှာ အမေရိကန်က ကမကမထ ပြုပြီး ဂျာမနီနိုင်ငံက အမေရိကန်ရဲ့ ရမ်စတိန် လေတပ်စခန်းမှာ NATO အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံပေါင်း ၅၀ လောက်က ကာကွယ်ရေး ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။…
Read Moreယူကရိန်းကို ထောက်ပံ့မယ်ဆိုတဲ့ ဗြိတိန်ရဲ့ တင့်ကားတွေ မီးဟုန်းဟုန်းတောက် လောင်ကျွမ်းစေရမယ်လို့ ရုရှားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်က နိုင်ငံရဲ့ စစ်တပ်မှာ အသုံးပြုနေတဲ့ အဓိက တိုက်ပွဲဝင် တင့်ကားတွေဖြစ်တဲ့ Challenger 2 ၁၄ စီးကို ယူကရိန်းအတွက် လွှဲပေးမယ်လို့ ကြေညာလိုက်တဲ့အပေါ် ရုရှားက အခုလို တုံ့ပြန်ခဲ့တာပါ။ ဗြိတိန်ဟာ NATO မဟာမိတ် နိုင်ငံတွေထဲမှာ အနောက်နိုင်ငံ နည်းပညာနဲ့…
Read Moreသူတို့ရဲ့ ကစားသမား မစ်ခိုင်လို မူဒရစ်ကို ရောင်းချလို့ ရခဲ့တဲ့ ပြောင်းရွှေ့ကြေးတွေထဲက ယူရို ၂၅ သန်းလောက်ကို ရှေ့တန်းရောက် စစ်သည်တွေအတွက် ပံ့ပိုး လှူဒါန်းသွားမယ်လို့ ယူကရိန်း ဘောလုံးကလပ် ရှက်တာဒိုးနက်စ်ခ်က အတည်ပြုခဲ့ပါတယ်။ ကလပ်အသင်း ဥက္ကဋ္ဌဖြစ်သူ ရီနတ် အက်ခ်မီတော့ဗ်က ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံ တွန်းလှန်နေတဲ့ စစ်သည်တွေအတွက် တစ်တပ်တစ်အား ပံ့ပိုးကူညီမယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ ရှက်တာ အသင်းဟာ ယူကရိန်း ဘောလုံးလောကအတွက်…
Read Moreယူကရိန်းကို စစ်တိုက်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင် ဝေဖန်နေတဲ့ ပြည်ပရောက် ရုရှားနိုင်ငံသားတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ် သိမ်းယူသင့်တယ်လို့ ရုရှား လွှတ်တော် ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ် မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ လွှတ်တော် ဥက္ကဋ္ဌ ဗီယက်ချ်လီဆက်ဗ် ဗိုလိုဒင်က ပြည်ပကို တိမ်းရှောင်နေပြီး စစ်ပွဲကို ဆန့်ကျင် ဝေဖန်နေသူတွေရဲ့ ရုရှားက နေအိမ်တွေကို သိမ်းဆည်းဖို့ အကြံပေး ထောက်ခံခဲ့တာပါ။ …
Read More