မေ၊ ၂၈ အာဏာသိမ်းစစ်ကောင်စီဟာမွန်ပြည်နယ်အတွင်းက အရပ်ဘက်ဌာနဆိုင်ရာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးစီးအရာရှိအဆင့်အရာထမ်းသုံးဆယ်နီးပါးကိုလက်နက်ထုတ်ပေးဖို့ စီစဉ်နေပြီလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။ “ အဓိက ဦးစီးအရာရှိအဆင့်ရှိသူတွေပဲ၊ ထုတ်ပေးတာပါ၊ အဓိကတော့ လုံခြုံရေးအရ လျှောက်ထားကြတဲ့သူတွေလည်း ပါသလို၊ တချို့ကျတော့ လိုအပ်ချက်အရ ပေးကိုင်လိုက်တဲ့ပုံစံမျိုးလည်းပါတယ်၊ အကျုံးဝင်မှာကတော့ လျှောက်ထားခွင့်အထဲကနေ အကျုံဝင် သွားတာပေါ့နော်။ ဦးစီးအရာရှိတောင်မှ အားလုံးတော့ မဟုတ်ဘူးနော်။ ” လို့ပြည်နယ်အစိုးရအဖွဲ့ကအမည်မဖော်လိုသူအရာရှိကြီးတဦးကပြောပါတယ်။ စစ်ကောင်စီရဲ့လက်နက်ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူတွေကော လိုအပ်ချက်အရကိုင်ဆောင်သင့်တဲ့သူတွေထဲက ဦးစီးအရာရှိအဆင့်ရှိသူအရာထမ်းသုံးဆယ်ခန့်ကို လက်နက်ထုတ်ပေးဖို့စီစဉ်တာလည်းဖြစ်ပါတယ်။ အဲဒီလိုထုတ်ပေးလိုက်တာဟာ…
Read Moreမေ၊ ၂၂ မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ ခရီးသည်တင်ကားတစီးမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်ပေါ်ပါသူ သုံးဦးထိခိုက်ဒဏ်ရာ တွေ ရရှိခဲ့ပြီးတဦးစိုးရိမ်ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ညဘက်ဆိုတော့လည်း ဘယ်သူလုပ်လို့ လုပ်မှန်းမသိကြဘူး၊ ဒီမှာက ခဏခဏဖြစ်နေတာပဲ၊ ဗုံးပေါက်သံက တော်တော် ကျယ်တယ်၊ အဲချိန်ကလည်း တိတ်ဆိတ်နေတဲ့အချိန်ဆိုတော့ တလုံးပဲ ကြားရတယ်၊ အဲဒါမနက်က သိတော့ ကားက မြဝတီတက်မယ့်ကားတဲ့၊ မိုင်းပေါက်လို့ ကားပေါ်က လူသုံးဦးဒဏ်ရာရတယ်တဲ့။” လို့ အခင်းဖြစ်တဲ့နေရာအနီးက ကမာစိုင်ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။ ခရီးသည်…
Read Moreမေ၊ ၁၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာ ဒီကနေ့ မေ ၁၈ ရက် နံနက်ပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားနှစ်ဦး သေနတ်ပစ်ခတ်ခံရတာကြောင့် တဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ ရွာကပဲ ပစ်ခံရတာက အနင်းရွာကလူပဲ၊ သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့လာတာ အဲမှာ လမ်းမှာပဲ သေနတ်တွေ ကိုင်ထားတဲ့ လူတွေက ရပ်ခိုင်းတာကို မရပ်လို့ဆိုပြီး ပစ်လိုက်တာပဲ၊ တယောက်က အဲမှာပဲ…
Read Moreမေ၊ ၉ မွန်ပြည်နယ်၊ ရေးမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပထမဆုံးအကြိမ်အဖြစ် မေလ ၇ ရက်ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်သားသုံးဦး ကျဆုံးကာ အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရေးမြို့နယ်မြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စုမှာရှိတဲ့ ကျားဖြူစစ်ကြောင်းရဲ့ တပ်ရင်းစခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပေမယ့် တလုံးသာပေါက်ကွဲပြီး ကျန်တလုံးကတော့ မပေါက်ကွဲဘူးလို့ သိရပါတယ်။ “ ညဘက် ၁၂…
Read Moreဧပြီ၊ ၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာမှာ ဒီကနေ့ ဧပြီ ၂၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။ စစ်ကောင်စီရဲ့ လူကြီးလမ်းကြောင်းယာဉ်တန်းကို တိုက်ခိုက်ဖို့သွားရောက်ခဲ့ပေမယ့် ဝါးဟားဟားကလေးကစားကွင်းအနီးမှာ အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတ်တိုက်တွေ့ဆုံပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမှာ PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကြားညှပ်တိုက်ခိုက်ခံခဲ့ရကာ အပြန်အလှန်…
Read Moreဧပြီ၊ ၁၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာမှာ မနေ့က နှစ်ဆန်းတရက်မှာ ဒေသဓလေ့အရ သင်္ကြန်လည် သူ တွေစည်ကားနေချိန် လူငယ်နှစ်ဦးကို PDF လို့ဆိုကာ စစ်ကောင်စီက ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပငကျေးရွာ အဝေးပြေးကားလမ်းပေါ်မှာ ဧပြီ ၁၇ ရက် နေ့လယ် နှစ်နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် စစ်အုပ်စုက ရှာဖွေစစ်ဆေးမှုတွေလုပ်ခဲ့ပြီး အသက်နှစ်ဆယ်ကျော်အရွယ်လူငယ်နှစ်ဦးကို ဖမ်းဆီးကာ ပစ်သတ် လိုက်တာလို့ ဆိုပါတယ်။ “ ပငရွာက…
Read Moreဧပြီ၊ ၁၃ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းက ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက အမည်မသိအဖွဲ့တခုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ပြည်သူ့စစ်နှစ်ဦးအပါအဝင် အရပ်သားကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ” ညပိုင်းဝင်ပစ်တာ၊ အဲဒီမှာရှိနေတဲ့ ပြည်သူ့စစ်နှစ်ဦးလည်း သေတယ်။ ရုံးမှာ ထောက်ခံစာလာလုပ်တဲ့ ကောင်လေးလည်း သေတယ်။ အဲဒီမှာ စကားပြောနေရင်း ဝင်ပစ်တဲ့အချိန် သူလည်းရှိနေတော့ သူပါအပစ်ခံရပြီး ဆုံးသွားတာ ”…
Read Moreဧပြီ၊ ၁၀ မွန်ပြည်နယ်၊ ရေးမြို့နယ်လိမ္မော်ခြံကျေးရွာအနီးက အဝေးပြေးကားလမ်းမပေါ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်း ကျင်က အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရပြီး တဦး ဒဏ်ရာပြင်း ထန် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဘုရားသုံးဆူမြို့ဘက်ကနေ ရေးမြို့နယ်ဘက်ကို မောင်းလာတဲ့ Vigo အိမ်စီးကားက လိမ္မော်ခြံရွာအနီးအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။ “မဖြစ်ဘူး၊ ဘာတိုက်ပွဲမှ မဖြစ်ဘူးနော်၊ အပစ်ခံရတာ၊ ပုံမှန်အတိုင်းပါပဲ၊ ဒီရက်ပိုင်းထဲ…
Read Moreဧပြီ၊ ၉ မွန်ပြည်နယ်အတွင်းက သင်္ကြန်မဏ္ဍပ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ လုံခြုံရေးယူပေးဖို့ တစ်ရက် ငါးသောင်းကျပ်ပေးပြီး ပြည်သူ့စစ်၊ ပျူစောထီးအဖွဲ့တွေ လိုက်လံစည်းရုံးနေတယ်လို့ DNA က စုံစမ်းသိရှိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ်မှာ ကျရောက်မယ့် အတာသင်္ကြန်မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ အတွက်ဆိုပြီး မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ သင်္ကြန်မဏ္ဍပ်တွေကို စတင်ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ဒီလို သင်္ကြန်မဏ္ဍပ်ဆောက်လုပ်လက်စအချိန်နဲ့ သင်္ကြန်ကာလအတွင်း မဏ္ဍပ်တွေကို လုံခြုံရေးယူဖို့နဲ့ မြို့နယ်အတွင်း က လူစည်းကားတဲ့နေရာတွေကို လုံခြုံရေးယူပေးဖို့နဲ့…
Read Moreဧပြီ၊ ၄ မွန်ပြည်နယ်အတွင်းက လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားတဲ့သူတွေကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်တွေစတင် ထုတ်ပေးနေပြီးလို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေထံမှ သိရပါတယ်။ နိုင်ငံနဲ့အဝှန်းလက်နက်ကိုင်တော်လှန်မှုကြောင့် အင်အားနည်းပါးလာတဲ့ စစ်ကောင်စီဟာ အင်အားဖြည့်တင်းမှုတရပ်အနေနဲ့ သာမန်အရပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေပါ လက်နက်လိုင်စင်ထုတ်ပေးဖို့ မူတရပ်ကို ဇန်နဝါရီလ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ပြီး နှစ်လကျော်အကြာမှာ စတင်ထုတ်ပေးနေတာပါ။ “ ပထမ ၁၀၀ လောက်၊ အခုဆို ၁၅၀ နီးပါးလောက်ရှိတယ်ပေါ့နော်။…
Read More