ဒေသအလိုက် သတင်းကဏ္ဍ

မြေပုံမြို့နယ်မှာ စစ်တပ် လေကြောင်းဗုံးကြဲလို့ အရပ်သားတဦး ထပ်မံသေဆုံး၊ ရွာလုံးကျွတ် ထွက်ပြေးနေရ

မတ် ၂၃ မြေပုံမြို့နယ် သရက်တောင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ဒီနေ့နေ့လည်ပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲခဲ့တာကြောင့် သက်ကြီးအမျိုးသားတဦး သေဆုံးကာ တဦးဒဏ်ရာရသွားခဲ့ပြီး ရွာလုံးကျွတ်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားမှုတစုံတရာမရှိဘဲ သရက်တောင်ရွာထဲကို နေ့လည် ၁၂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြေပုံမြို့နယ်ရှိ တပ်စခန်းတခုကို စစ်ကောင်စီက ကိုယ်တိုင်မီးရှို့ထွက်ပြေး

ဖေဖော်ဝါရီ၊ ၁၈   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက စစ်ကောင်စီစခန်းကုန်းတခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်မီးရှို့ ဖျက်ဆီးပြီး ဒီကနေ့ညနေပိုင်းမှာ အမ်းမြို့က နပခ ဌာနချုပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။   မြေပုံမြို့နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြေပုံမြို့ကို AA သိမ်းပိုက်၊ သုံးလအတွင်းမြို့နယ် ၆ ခုရရှိထား

ဖေဖော်ဝါရီ၊ ၁၆   ရက္ခိုင့်တပ်တော် (AA)က မြေပုံမြို့ကို သိမ်းပိုက်ခဲ့တာကြောင့် သုံးလအတွင်း ရခိုင်နဲ့ ချင်းပြည်နယ်မှာ မြို့နယ် ၆ ခုကို ရရှိထားပြီ ဖြစ်ပါတယ်။   မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြေပုံမှာ စစ်ကောင်စီတပ်က လိုင်းကားတွေကို ချောဆွဲ

အောက်တိုဘာ၊ ၁၉   ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေဟာ လိုင်းပြေးဆွဲနေတဲ့ ဒေသခံကားသမားတွေဆီကနေ နေ့စဉ်နီးပါး ကားတွေကို အခကြေးငွေ မပေးဘဲ ချောဆွဲ အသုံးပြုနေလို့ အခက်အခဲဖြစ်နေကြရတယ်လို့ ကားပိုင်ရှင်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြေပုံမြို့မှာ အင်အားသုံးဖယ်ရှားပြီး ဖမ်းဆီးခံရတဲ့အိမ်ပိုင်ရှင်တွေကို စစ်ကောင်စီက ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် ထိုးစေပြီးမှပြန်လွှတ်

သြဂုတ်၊ ၂၂ ရခိုင်ပြည်နယ် မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်ကမိသားစုငါးစုရဲ့ နေအိမ်တွေကို စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့သလို ဖယ်ရှားဖို့ငြင်းဆန်ခဲ့သူတွေကိုလည်းဖမ်းဆီးသွားပြီး အဲ့ဒီအိမ်တွေရဲ့ ပိုင်ရှင်မဟုတ်ကြောင်း ခံဝန် လက်မှတ်ထိုးမှပြန်လွှတ်ပေးလိုက်တယ်လို့ မြေပုံမြို့ခံတွေက DNAကိုပြောပါတယ်။ “ဦးမြသန်းပိုင်တဲ့မြေဆိုပြီး ရဲနဲ့ စစ်သားတွေက အတင်းဆင်းခိုင်းလို့ [ဆက်လက်ဖတ်ရှုရန်]