မြင်းခြံ၊ကွမ်းစိုက်ရွာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊၁၀ဦးသေဆုံး

မြင်းခြံ၊ကွမ်းစိုက်ရွာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊၁၀ဦးသေဆုံး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကွမ်းစိုက်ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြောက်ကျား ၄ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကွမ်းစိုက်ရွာစာသင်ကျောင်းထဲမှာ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းမှာ တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေဟာ RPG-7 နဲ့တစ်ချက်ပစ်ပြီးနောက် မောင်းပြန်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအပြီးမှာ အကြမ်းဖက်စစ်သား၈ဦးသေဆုံးကာ ၂ဦးပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ တိုက်ပွဲဦးဆောင်အ ဖွဲ့  27 Revolution Forces တာဝန်ရှိသူ ကိုမင်းမခကပြောပါတယ်။ ‘စစ်ခွေးတွေ…

Read More
ဇေယျသိမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးဖမ်းဆီးခံရ

ဇေယျသိမ်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးဖမ်းဆီးခံရ

၃၀၊ စက်တင်ဘာလ၊ ၂၀၂၁။ မြင်းခြံမြို့နယ် ဇေယျသိမ်ကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာနှစ်ပါးကို အကြမ်းဖက်စစ်အုပ်စုက PDFတွေနဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကား ၉စီးနဲ့ ဇေယျသိမ်ကျောင်းတိုက်ကို လာဝိုင်းပြီးတော့ အခုလို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ “ကျောင်းတိုက်ပတ်ပတ်လည်ကို အင်အား ၇၀လောက်နဲ့ လာဝိုင်းတာ၊ ကျောင်းတိုက်ထဲမှာ ရေကန်တောင်မချန်ဘူး အကုန်လုံး မွှေနှောက်ဖျက်ဆီးပြီး ရှာတာ၊ ဖိနပ်ချွတ်ဖို့မပြောနဲ့ ပစ်မယ်ဆိုတာပဲ၊…

Read More