
စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့မုံရွာမှာ တရက်အတွင်းဓားမြမှု နှစ်မှုဖြစ်ပွား
မတ်၊ ၂၆ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီကနေ့ မတ်လ ၂၆ ရက် တရက်တည်းမှာတင် ဓါးပြတိုက်လုယက်မှု နှစ်ခုဆက်တိုက်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မုံရွာမှာဒီကနေ့မတ်လ၂၆ရက်နေ့ မနက်၁၀နာရီဝန်းကျင်က ကွေ့ကြီးရပ်ကွက်ကဆင်မင်း (၃)တောင်ဘက် ချင်းတွင်းကုန်စုံဆိုင်ကိုPDF အယောင်ဆောင်ပြီးဓားပြမှုဖြစ်ပွားခဲ့တယ်လို့ အနီးနားကဒေသခံတဦးကDNA ကိုပြောပါတယ်။ “ဆိုင်ထဲမှာအမျိုးသားမရှိတဲ့အချိန်ဆိုင်ကယ်၃စီးနဲ့ဘောလုံးဘောင်းဘီဝတ်ထားတဲ့အမျိုးသား၃ယောက်ရောက်လာပြီးတယောက်ကအတိုတလက်ပါတယ်ပြောတယ်။ဆိုင်ရှင်အမျိုးသမီးလည်ပင်းကိုကတ်ကြေးနဲ့ထောက်ပြီးဓာမြတိုက်သွားတာလို့သူကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]