မုံရွာမြို့မှာ ကုန်စုံဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်အမျိုးသား သေဆုံး

 
စစ်ကိုင်းတိုင်း၊မုံရွာမြို့မှာ ဇန်နဝါရီ (၂၁)ရက် မနေ့ က ညပိုင်းက ကုန်စုံဆိုင်တခု ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားလည်း သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
မုံရွာမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ ” ချမ်းမြေ့သုခကုန်စုံဆိုင်” မှာ မနေ့က ည ၇ နာရီလောက်က ဓားပြမှု ဖြစ်ခဲ့ပြီး ဆိုင်ပိုင်ရှင်ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရကာ အမျိုးသားဖြစ်သူ သေဆုံးသွားတာပါ။
 
အဲဒီ ဆိုင်ကိုဆိုင်ကယ် လေး စီးနဲ့ အမျိုးသားလေးဦးက ဆိုင်ပိတ်နေချိန်မှာရောက်လာပြီး ငွေတောင်း ရာက မပေးတဲ့အတွက် ဆိုင်ရှင်တွေကို ဓားနဲ့ ခုတ်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။
 
“ကောင်လေးကတော့အဲဒီဓားဒဏ်ရာတွေနဲ့ပဲဆုံး သွားတယ်၊ သူ့အမျိုးသမီးကလည်း ဒဏ်ရာအ တော်လေးရသွားတယ်၊ကိုယ်အိမ်ကိုယ်နေတာအခုလို ဖြစ်တယ်ကြားတော့ ကြောက်ကြတာပေါ့” လို့ ဒေသခံတဦးကပြောပါတယ်။
 
ဓားပြတိုက် လုယက်သူတွေက ဓားနဲ့ ခုတ်ခဲ့ တဲ့ အတွက် ဆိုင်ပိုင်ရှင်အမျိုးသားဖြစ်သူ ကိုစိုးရာဇာရဲ့ ညာဘက်လက်မောင်း၊ နောက်ကျောနဲ့ရင်ဘတ်တို့မှာ ဓားဒဏ်ရာတွေ ရခဲ့ပြီး အဲဒီဒဏ်ရာတွေကြောင့်ပဲသေဆုံးခဲ့တာလို့သိရပါ
တယ်။
အလားတူ သူရဲ့ ဇနီးဖြစ်သူ မခင်ချမ်း မြေ့သိန်းမှာလည်း ဘယ်ဘက်ပါး၊ ဘယ်ဘက် လက်ချောင်းတို့မှာ ဓားခုတ်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။လတ်တလောမှာ အဲဒီလုယက်သတ်ဖြတ်သူ
တွေ ကို ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။