စဉ့်ကူးမြို့နယ်က ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ

စဉ့်ကူးမြို့နယ်က ဒလန်အုပ်ကြီး သေနတ်နဲ့အပစ်ခံရပြီး သေ

၂၈၊ ဩဂုတ်လ၊ ၂၀၂၁။ စဉ့်ကူးမြို့နယ် ဝါးရုံကုန်းကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသောင်းရှိန်ကို ဩဂုတ်လ ၂၈ရက်နေ့ ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်နဲ့ ဝင်ပစ်သွားတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “ဧည့်စာရင်းတိုင်မယ်ဆိုပြီးတော့ လာပြီးတော့ ပစ်သွားတာ၊ ပွဲချင်းပြီးပဲ ၊ အဲ့လူက စကစကခန့်ထားတဲ့လူ ဒလန်ကြီး ပျူစောထီးလည်းပါတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်အပြီး နာရီဝက်ခန့်အကြာမှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာအတွင်းကို ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုတွေကို လုပ်ဆောင်နေတယ်လို့…

Read More
မိုးကုတ်မှာ မြေပြိုလို့ အိမ်တွေပျက်စီး

မိုးကုတ်မှာ မြေပြိုလို့ အိမ်တွေပျက်စီး

၂၄၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီနေ့ ဩဂုတ်လ ၂၄ရက်နေ့ မနက် ၆နာရီ မိနစ် ၄၀ လောက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်၊ အောင်သစ်လွင်ရပ်ကွက်မှာ မြေပြိုမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်အရ သိရပါတယ်။ လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေပြီး ထိခိုက်ဆုံးရှုံးမှု အခြေအနေကိုတော့ တိတိကျကျမသိရသေးပါဘူး။ အခုလလည်ပိုင်းကလည်း မိုးကုတ်မြို့မှာ မိုးသည်းပြီးနောက် မြေပြိုမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ၄ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

Read More
တောင်သာမြို့ စံဦးရွာမှာ စစ်အုပ်စု အပြစ်မဲ့ပြည်သူလေးဦးကို ရိုက်နှက်ဖမ်းဆီး

တောင်သာမြို့ စံဦးရွာမှာ စစ်အုပ်စု အပြစ်မဲ့ပြည်သူလေးဦးကို ရိုက်နှက်ဖမ်းဆီး

၂၀၊ ဩဂုတ်လ၊ ၂၀၂၁။ တောင်သာမြို့နယ် စံဦးကျေးရွာမှာ ဩဂုတ်လ၂၀ရက်နေ့ မနက် ၄နာရီခန့်က အကြမ်းဖက်စစ်အုပ်စုက ပုဒ်မ ၅၀၅၀(ခ)နဲ့ မတရားအမှုဖွင့်ခံထားရသူ ကိုဇော်ထွေးကို အင်အားတစ်ရာကျော်နဲ့ လာရောက်ဖမ်းဆီးရာမှာ မတွေ့ရှိရတာကြောင့် အပြစ်မဲ့ပြည်သူ လေးဦးကို သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ရွာက အုပ်ကြီးက ဒလန်လေ သူက သတင်းပေးတာ ရွာက PDFတွေကိုဖွက်ထားတယ် ကိုဇော်ထွေးနဲ့လည်း ပက်သက်နေတယ်ဆိုပြီး မဟုတ်သတင်းပေးလို့ လာဖမ်းတာ၊ သူ့ကိုမတွေ့တော့ သူ့အမျိုးတွေနဲ့…

Read More
မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

မန္တလေး ရွှေလှံရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့ အပစ်ခံရပြီးသေ

၁၈၊ ဩဂုတ်လ၊ ၂၀၂၁။ ချမ်းအေးသာစံမြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်းမှာ ဩဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁အချိန်ခန့်က အမည်မသိသူတစ်ဦးက သေနတ်နဲ့ရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေသွားခဲ့တယ်လို့ သိရပါတယ်။ “အုပ်ကြီးတစ်ယောက်ထဲ ရုံးထဲမှာ ထိုင်နေချိန်ကို စောင့်ပြီးတော့ ဝင်ပစ်သွားတာ၊ ပွဲချင်းပြီးပဲ ဘယ်သူပစ်တယ်လို့တော့ မသိရဘူး အချိန်တန် ဘယ်အဖွဲ့ကဆိုတာ ကြေညာမှာပေါ့၊ သူက ဟိုဖက်လိုလို ဒီဖက်လိုလိုနဲ့ ခွစားနေတာ တပ်ဖက်ကို အသေကပ်တဲ့သူ တစ်ဖက်က သတင်းနှိုက်ပြီးတော့ တပ်ကိုသတင်းပေးနေတဲ့သူ”လို့…

Read More
မိုးကုတ်မြို့ စာသင်ကျောင်းထဲဗုံးကွဲ၊ ရဲသုံးယောက်သေ

မိုးကုတ်မြို့ စာသင်ကျောင်းထဲဗုံးကွဲ၊ ရဲသုံးယောက်သေ

မန္တလေးတိုင်းမိုးကုတ်မြို့မှာ စစ်အုပ်စု တပ်စွဲထားတဲ့ စာသင်ကျောင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး ရဲ သုံးယောက် သေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ သြဂုတ်လ ၁၃ရက်နေ့ညနေ ၅နာရီခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက် ၊ အထက(၃) စာသင်ကျောင်း၀န်းထဲမှာ ပေါက်ကွဲခဲ့တာပါ။ “အသံအကျယ်ကြီးကြားလိုက်တယ် ၊ ကြည့်တော့မကြည့်ရဲဘူး၊ခုတော့ စစ်သားတွေကော ရဲတွေကော အလုပ်ရှုပ်နေကြတယ်။ သုံးယောက်သေတယ်လို့ပြောနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အထက(၃) ကျောင်းဝန်းထဲမှာ စစ်အုပ်စုတပ်တွေ တပ်စွဲထားတာ ၃လကျော်ကြာပြီး အင်အား…

Read More
ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

၇၊ ဩဂုတ်လ၊ ၂၀၂၁။ ကျောက်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ ဒလန်လို့နာမည်ကြီးနေသူ ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဩဂုတ်လ ၇ရက်နေ့ မနက်၁၁နာရီ ၄၀မိနစ်ခန့်က အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “ရပ်ကွက်ထဲကို ဆိုက်ကယ်တစ်စင်းနဲ့ အမြဲတမ်းပတ်မွှေ့နေတာ လမ်းပြကြယ်ကျောင်းရှေ့နားရောက်တော့ အနောက်ကနေ ဆိုင်ကယ်တစ်စင်းနဲ့ နှစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တယ် ပထမမသေသေးဘူး လဲကျနေတာကို ဆေးရုံပို့ရင်း လမ်းမှာသေတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုတွေအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ…

Read More