ဘန်ကီမွန်းခရီးစဉ် မြန်မာလူထုလိုလားချက်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်ခံရ

ဘန်ကီမွန်းခရီးစဉ် မြန်မာလူထုလိုလားချက်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်ခံရ

ဧပြီ၊ ၂၆   နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုကို သံတမန်ရေးအရ ညှိနှိုင်းဆောင်ရွက်ရမယ့် အချိန်မဟုတ်တော့ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့မြန်မာခရီးစဥ်ဟာလည်း လူထုလိုလားချက်နဲ့ မကိုက်ညီဘူးလို့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ကြပါတယ်။   “ မစ္စတာဘန်ကီမွန်းပဲဖြစ်ဖြစ်၊ အာဆီယံနဲ့ အိန္ဒိယကပဲဖြစ်ဖြစ်၊ တရုတ်ကပဲဖြစ်ဖြစ် အခုလိုလုပ်တဲ့ ဆောင်ရွက်မှုဟာ နိုင်ငံရေးအရ ဘယ်လိုမှ နေရာမရတဲ့ စစ်အုပ်စုကို ပြန်ပြီးတော့ ဆွဲတင်သလိုဖြစ်တာတော့ အမှန်ပဲ။ ပြည်သူတွေ ဒီကနေ့ တောင်းဆိုနေတာက စစ်အုပ်စုကို…

Read More
ထိန်းသိမ်းထားတဲ့ မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှုတွေ ပြန်မပေးဖို့ ထိုင်းနိုင်ငံရေးသမား တိုက်တွန်း

ထိန်းသိမ်းထားတဲ့ မင်းအောင်လှိုင် မိသားစု ပိုင်ဆိုင်မှုတွေ ပြန်မပေးဖို့ ထိုင်းနိုင်ငံရေးသမား တိုက်တွန်း

ဧပြီ၊ ၁၈   ထိုင်းနိုင်ငံမှာ ဖမ်းဆီး ခံထားရတဲ့ မြန်မာ ခရိုနီ သူဌေး တယောက်နဲ့ ဆက်စပ်ပြီး ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတဲ့ ပိုင်ဆိုင်မှုတွေကို အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က ပြန်လည်ရရှိဖို့ ညှိနှိုင်းတောင်းဆိုနေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အဲဒီကိစ္စကို လုံးဝ မလိုက်လျောဖို့ ထိုင်းရဲ့ လူသိများတဲ့ အတိုက်အခံ နိုင်ငံရေးသမား တဦးက တောင်းဆိုလိုက်ပါတယ်။ မြန်မာ ခရိုနီ လုပ်ငန်းရှင် တဦးဖြစ်တဲ့ လက်နက်ပွဲစား…

Read More
အာဏာ ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်မယ့် မာဖီးယား စစ်ဗိုလ်ချုပ်များ

အာဏာ ဆုပ်ကိုင်ထားဖို့ ဘာမဆိုလုပ်မယ့် မာဖီးယား စစ်ဗိုလ်ချုပ်များ

မတ်၊ ၁၈   အခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကျယ်ကျယ်လောင်လောင် လေသံလွှင့်နေခဲ့တဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုတ်တရက် လမ်းကြောင်းပြောင်းသွားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ သူဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ တရားမဝင် အုပ်ချုပ်မှု သက်တမ်းကို ၆ လ ထပ်မံ တိုးမြှင့်ကြောင်း ကြေညာရင်း စစ်တပ်ဟာ ရွေးကောက်ပွဲ တခုကို ကြီးမှူး ကျင်းပနိုင်လောက်တဲ့ အခြေအနေထိ နိုင်ငံကို…

Read More
အရှုံးများလို့ ရပ်နားထားတဲ့ သံမဏီစက်ရုံတွေကို အမျော်အမြင်မရှိဘဲ ရပ်နားခဲ့တယ်လို့  စစ်ခေါင်းဆောင်အပြစ်တင်

အရှုံးများလို့ ရပ်နားထားတဲ့ သံမဏီစက်ရုံတွေကို အမျော်အမြင်မရှိဘဲ ရပ်နားခဲ့တယ်လို့ စစ်ခေါင်းဆောင်အပြစ်တင်

မတ်၊ ၉ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်  (NLD ပါတီ) အစိုးရလက်ထက်က အရှုံးများနေလို့ လွှတ်တော်အတွင်းဆွေးနွေးပြီး ရပ်ဆိုင်းထားခဲ့တဲ့ သံမဏီစက်ရုံစီမံကိန်းတွေကို နာလည်မှုနဲ့ မဟာဗျူဟာမြောက်အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့လို့ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရတယ်လို့ အာဏသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြစ်တင်ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က မနေ့က မတ်လ ၈ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ နယ် ပင်းယက်ဒေသ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန ၊ အမှတ် ( ၁…

Read More
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလေးရက်ဆက်တိုက် ဗုံးကွဲ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေတဲ့ နေပြည်တော်မှာလေးရက်ဆက်တိုက် ဗုံးကွဲ

မတ်၊ ၃ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အစိုးရအဖွဲ့ရုံးစိုက်တဲ့နေပြည်တော်မှာ ယခုရက်သတ္တပတ်အတွင်း ပေါက်ကွဲမှု ၄ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ အဲဒီလှုပ်ရှားမှုတွေကို ဆောင်ရွက်တဲ့ ပြောက်ကျားအဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။ အဲဒီ ၄ ရက်ဆက်ပေါက်ကွဲမှုအနက် ၃ ခုကို စစ်တောင်းမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အဲဒီအဖွဲ့တာဝန်ခံ ဗိုလ်လရောင်က DNA ကိုပြောပါတယ်။ ” ကျနော်တို့ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်ပြောသလို နေပြည်တော်ထဲတောင် မလုံခြုံဘူးဆိုတာကို သူတို့သိအောင် တိုက်ခိုက်ခြင်းဖြစ်တယ်။ တိုက်ခိုက်တဲ့ ပစ်မှတ်တွေ အကုန်လုံးက…

Read More
ဧရာဝတီတိုင်းတည်ငြိမ်နေတယ်လို့ စစ်ခေါင်းဆောင်မာန်ဝင့်နေ

ဧရာဝတီတိုင်းတည်ငြိမ်နေတယ်လို့ စစ်ခေါင်းဆောင်မာန်ဝင့်နေ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပြီး မငြိမ်မသက်မှုတွေဖြစ်နေချိန်မှာ ဧရာဝတီတိုင်းဒေသကြီးက တည်ငြိမ်အေးချမ်းနေပြီး ဘက်ပေါင်းစုံကောင်းမွန်နေတဲ့အနေအထားဖြစ်နေလို့ ကျေနပ်မှုရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ ကျောင်းတက်သူရာခိုင်နှုန်းအများဆုံးဖြစ်သလို အောင်ချက်လည်းကောင်းနေပြီးဘက်ပေါင်းစုံက ကောင်းမွန်တဲ့အနေအထားဖြစ်နေတဲ့အတွက် အားကိုးရတယ်လို့လည်း မနေ့ ဖေဖော်ဝါရီ၈ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရနဲ့တွေ့ဆုံချိန်ပြောကြားခဲ့တာပါဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောင်ခံတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သတင်းလုံခြုံမှုမကျိုုးပေါက်အောင် သတိထားဖို့ကိုလည်း စစ်ခေါင်းဆောင်က သတိပေးပြောကြားသွားပါသေးတယ်။ မနေ့က စစ်ခေါင်းဆောင် ပုသိမ်မြို့ကိုရောက်ချိန်မှာလည်း ဧရာဝတီတိုင်းဒေသကြီးမှာ လုံခြုံရေးတင်းကျပ်နေသလို လမ်းအသစ်ပြင်ဆင်မှုတွေလုပ်ပြီး တမြို့လုံးကို ၂၄ နာရီမီးပေးထားတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရသိရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း …

Read More
မင်းအောင်လှိုင်ရောက်နေချိန် ရန်ကုန်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

မင်းအောင်လှိုင်ရောက်နေချိန် ရန်ကုန်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေချိန် ဒီကနေ့ ဖေဖော်ဝါရီ(၆)ရက် ရန်ကုန်မြို့ နေရာ အနှံ့အပြားမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်က လျှပ်စစ်ရုံးနဲ့စည်ပင်ရုံးတို့မှာဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့သလို မှော်ဘီမြို့နယ်လျှပ်စစ်ရုံးမှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် သာကေတမြို့နယ်၊ အဝိုင်းအနီးက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနားမှာလည်း ဒီကနေ့နေ့လယ် ၄နာရီ လောက်က ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။ပေါက်ကွဲသံတွေဟာပြင်းထန်ပြီး မှော်ဘီမြို့နယ်လျှပ်စစ်ရုံး ပေါက်ကွဲမှုမှာတော့ Non CDMဝန်ထမ်းတချို့ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ သာကေတမြို့နယ်ပေါက်ကွဲမှုမှာလည်း ထိခိုက်မှုရှိနိူင်ပြီး လုံခြုံရေးတွေရောက်ရှိနေတာ ကြောင့်အတိကျမ ပြောနိုင်သေးဘူးလို့…

Read More
မြန်မာ့ဒီမိုကရေစီ ရုန်းကန်မှုတွေကို ဖျက်လိုဖျက်ဆီး ဆက်လုပ်နေဦးမယ့် တရုတ်နဲ့ ရုရှား

မြန်မာ့ဒီမိုကရေစီ ရုန်းကန်မှုတွေကို ဖျက်လိုဖျက်ဆီး ဆက်လုပ်နေဦးမယ့် တရုတ်နဲ့ ရုရှား

မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁ ရက်)မှာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ အနောက်နိုင်ငံတွေက အာဏာသိမ်း စစ်တပ်ရဲ့ အကြီးအကဲတွေအပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကျင့်သုံးပြီး ဆက်လက် ဖိအားပေးနေဆဲပါ။ ဒါပေမဲ့ နိုင်ငံတကာ အသိုက်အဝန်းက ထိရောက်တဲ့ လက်တွေ့ကျကျ တုံ့ပြန်မှုတွေ မစတင်သေးသ၍ မြန်မာ့ ဒီမိုကရေစီ ပြန်လည် ထူထောင်ရေး လမ်းကြောင်းမှာ မရေရာမှုတွေ ပြည့်နှက်နေဦးမှာပါပဲ။ ဒီအတောအတွင်း…

Read More
နိုင်ငံရေးပါတီဖျက်သိမ်းမှုတွေစဖို့ မင်းအောင်လှိုင် လေသံပေး

နိုင်ငံရေးပါတီဖျက်သိမ်းမှုတွေစဖို့ မင်းအောင်လှိုင် လေသံပေး

ရွေးကောက်ပွဲ လုပ်ဖို့ပြင်ဆင်နေချိန်၊အရေးပေါ်ကာ လသက်တမ်းကုန်ဆုံးဖို့ ရက်ပိုင်းသာလိုတော့ချိန်မှာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းရေးလုပ်ငန်းစဥ်တွေစတင်ဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစတင်ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဇန်နဝါရီ (၂၃)ရက် မနေ့က လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်သဘောထားတွေကို အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုခဲ့တာပါ။ အရင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ဝင်ပြိုင်တဲ့ပါတီတွေများပေမယ့် ရွေး ကောက်ပွဲအနိုင်ရပြီး လွှတ်တော်မှာပါဝင်ခွင့်ရတဲ့ပါတီအနည်းစုသာရှိတာကို တွေ့ရတယ်လို့ မင်းအောင်လှိုင်ကပြောပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေမှတ်ပုံတင်ရေး လုပ်ဆောင်ရာမှာ ပါတီစုံ ဒီမိုကရေစီစနစ် အမြန်ပေါ်ထွန်းလာဖို့အတွက်…

Read More
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တွေ့ဆုံ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တွေ့ဆုံ

ဒီကနေ့ စက်တင်ဘာလ ၇ရက်နေ့ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ စီးပွားရေးဖိုရမ် (EEF) အတွင်း မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ခံထားရတဲ့ မြန်မာနဲ့ ရုရှားအကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမို လေးနက်လာတဲ့ လက္ခဏာတခုပါ။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လတွေက ရုရှားကို အကြိမ်ကြိမ်သွားရောက်ခဲ့ပေမယ့် အခုအခါမှာသာ သမ္မတ…

Read More