စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်ယာတောရွာမှာ ရေကင်းဂိတ်လို့ အမည်တပ်ပြီး ပြည်သူတွေဆီက ပိုက်ဆံ ကောက်နေတဲ့ ရဲနဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၁ ရက်မနေ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးတယ်လို့ S.R.Fတပ်ဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ရေကင်းဂိတ်ဆိုတာကချင်းတွင်းမြစ်ကမ်းဘေးဂိတ်ထိုးပီးလာသမျှရေယာဉ်တွေကိုပိုက်ဆံလိုက်ကောက်နေတဲ့နေရာပါဗျ၊ ကျွန်တော်တို့SRFကပြောက်ကြားတပ်စုတစ်စုက အဲ့ဒီပျူစောထီးရေဂိတ်အထိကိုစက်လှေဦး ထိုးပြီးကမ်း ပေါ်တက်သိမ်းခဲ့တာပါ” လို့ Student’s Revolutionary Force (S.R.F) တပ်ဖွဲ့ သတင်းပြန်ကြား ရေးတာဝန်ခံ က ပြောပါတယ်။ တိုက်ပွဲမှာ ရဲနဲ့ပျူစောထီးအဖွဲ့ဝင်တွေထဲက…
Read Moreစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက လေကြောင်းနဲ့တိုက်ခိုက်ခံထားရတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ရွာထဲဝင်ပြီးပစ္စည်းတွေကို ယူဆောင်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ထွက်ပြေးကြတာပေါ့ ။ မထွက်ရင်လည်း နှိပ်စက်ကြတယ်ဗျ။ကြောက်ပြီးကိုယ်လွတ်ရုန်းကြရတယ်ဗျ။ တောသူ တောင်သားဆိုတော့ သိတဲ့တိုင်းပဲဗျာ၊ စုဆောင်းထားကြတာလေးတွေပါသွားတော့ ငိုနေကြရတယ်”လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားတွေက ဒီနေ့ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းမှာ လောင်းပြည့်နဲ့ သံပေါက် ကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်လာတာကြောင့် ပြည်သူတွေ တိမ်းရှောင်ရချိန်မှာ ကျန်နေခဲ့တဲ့ ဆန်၊…
Read Moreစစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြစ်ရိုးအထက်ကရွာတွေကို မီးရှို့ဖျက်ဆီးပြီး စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်တပ်ကို ရေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့က မင်းကင်းမြို့နယ် မြစ်ရိုးအထက် တရာ၊ ရွာဘနဲ့ ရှမ်းတောရွာတွေကို မီးရှို့ဖျက်ဆီးပြီး ကလေးဝဆိပ်ကမ်းကနေ မော်တော် ၆ စီးနဲ့ စုန်ဆင်းလာတဲ့ စစ်တပ်ကို ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ရေမြှုပ်မိုင်းတွေ၊ လက်နက်ကြီးတွေနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း…
Read Moreစစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်လက်ဒေသ အထက်စသာကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၁၁ ဦး သေဆုံးသွားတယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြစ်ရိုးအထက်ဒေသက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က မေလ ၈ရက်နေ့မှာ ကူလဲကျေးရွာနဲ့ အောက်စသာကျေးရွာမှာ စခန်းချထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးအင်အား ၅၀ကျော်ဟာ အထက်စသာကျေးရွာဘက်ကို စစ်ကြောင်းထိုးတက်လာတာကြောင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဦးဆောင်ကာ ကြားဖြတ်တိုက်ခိုက်ဖို့…
Read Moreစစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခုကို ဇင်ကလဲ ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဆီးကြိုတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ ဦးကျော် သေဆုံးခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် DPRA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၂၆ ရက်နေ့ မနက် ၈ နာရီလောက်မှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ခလရ ၈၇ မှ အင်အား ၁၅၀…
Read Moreစစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ကလေးမြို့ကနေ ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို သွားကြိုတဲ့ ပျူစောထီးနဲ့ စစ်အုပ်စုတွေ မိုင်းဆွဲခံရပြီး ၁၃ ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲလောက်မှာ ကလေးမြို့ကနေ မင်းကင်းမြို့ဘက်ကို ဆင်းလာတဲ့ ကား ၃ စီးပါ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မင်းကင်းမြို့ကနေ အင်အား ၇၀ ခန့်ပါဝင်တဲ့…
Read More