ဖေဖာ်၀ါရီ၊ ၂၅ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မ ရဲစခန်း ဒီကနေ့ ဖေဖော်ဝါရီ ၂၅ရက် မနက်အစောပိုင်းက တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က နေ့လယ်ပိုင်းမှာ မြို့တွင်းမှာ ဧည့်စာရင်းလိုက်စစ်ခဲ့ပြီး လူငယ်နှစ်ဦးကို ဖမ်း ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဘုရားသုံးဆူမြို့မရဲစခန်းကို ဒီကနေ့ မနက် ၅နာရီဝန်းကျင်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် လို့နာရီပိုင်းကြာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲစခန်းမီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် ရဲစခန်းအနီး ဂေါက်ကွင်းစုအမှတ်(၂)ရပ်ကွက်အတွင်း ကနေအိမ်…
Read Moreကရင်ပြည်နယ်ရှိဘုရားသုံးဆူနဲ့ ကြာအင်းဆိပ်ကြီး အကြားစစ်ကူလာတဲ့စစ်ကြောင်းတွေနဲ့ Lion Battalion Commando – ဗျူဟာစစ်ကြောင်း အကြား ဒီကနေ့ ဇန်နဝါရီ (၂၄)ရက် မနက်ပိုင်းကစလို့ တိုက်ပွဲပြင်းထန်နေ ပြီး စစ်ကောင်စီဘက်ကသုံးဦးသေဆုံးသလို ခြောက်ဦးကိုလည်း အရှင်ဖမ်းမိ ထားတယ်လို့ အဲ့ဒီစစ်ကြောင်းတာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။ အရှင်ဖမ်းမိထားသူတွေဟာ ကျုံဒိုးအထိုင် တပ်ရင်း (၅၄၅)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်တယ် လို့သိ ရပါတယ်။ “မနေ့ကရှစ်နာရီလောက်ထဲကစဗိုလ်လင်းယုန်ကဝင်ချတာခုတော့ဗိုလ်အယ်ဆေးဝါးကိုယ်တိုင်ဦးဆောင်ပြီးချနေတာ၊တိုက်ပွဲကတော့ကြမ်းလာဖို့ရှိတယ်၊ခုလဲကျုံဒိုးအခြေစိုက်တပ်ရင်းကိုဝိုင်းထားတယ်”လို့ Lion Battlion Commando က တာဝန်ရှိသူတဦးကပြောပါတယ်။…
Read Moreကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီးမှာ မနေ့ကဖြစ်ခဲ့ တဲ့တိုက်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်သွားလာတာကို ထိုင်းဘက်က ယာယီပိတ်ထားတယ်လို့ ဘုရားသုံး ဆူမြို့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။ “ထိုင်းဘက်ကပိတ်တာလေ၊ ဒီဘက်ကတော့ ပိတ်ရိုးထုံးစံမရှိဘူး၊ သူတို့နယ်စပ်ကိုတင်းကျပ်ထားတာပေါ့၊ မနေ့က တိုက်ပွဲစဖြစ်တာနဲ့ သူတို့ကပိတ်တာပဲ၊ ညကဆိုအခြေအနေတွေတင်းကျပ်နေတာပဲ၊ ညက ထိုင်းစစ် သားတွေ တပုံကြီးပေါ့လမ်းမှာ” လို့ သူကပြောပါတယ်။ ဘုရားသုံးဆူမြို့ဟာ ထိုင်းနိုင်ငံ ဆန်ခပူရီမြို့နဲ့ ထိစပ်နေပြီး နှစ်နိုင်ငံ တရားဝင်ကူးသန်းခွင့်ကိုတော့…
Read More