မတ်၊ ၃ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မတ်လ ၃ရက်နေ့မှာ မုံရွာမြို့ဘုရားနီ အနီးမှာငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းကို စစ်ကောင်စီကပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့်ဒေသခံပြည်သူ ၉ဦးထက်မနည်းကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် ၂နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မုံရွာမြို့မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြား ကျဆုံးသွားသူတွေအတွက် တော်လှန်ရေးအင်အားစုတွေက လွမ်းဆွတ် တသဦးညွှတ်ဂါဝရ အလေးပြုတဲ့ လှုပ်ရှားမှုတရပ်ကိုလည်း မုံရွာမြို့ကတော်လှန်ရေးအင်အားစုကလူငယ်တွေပြုလုပ်ခဲ့ကြပါတယ်။ ” အဲဒီနေ့က ကျွန်တော်က ဒိုင်းကာအဖွဲ့နဲ့အတူအရှေ့ဆုံးမှာရှိနေတယ်။ ကျွန်တော်တို့မျှော်လင့်ထားတာကNLD အစိုးရလက်ထက်မှာ လာသင်ပေးထားတဲ့ ပဋိပက္ခနှိမ်နှင်းရေးပုံစံနဲ့ တဆင့်ချင်းလုပ်မယ်ထင်ထားတာ။ တကယ်တမ်းကျတော့ မီးခိုးဗုံးတွေကိုတောင်…
Read More