မတ်၊ ၂၆ စစ်ကိုင်းတိုင်း၊ဘုတလင်ခရိုင်တွင်းရှိဆုံကုန်းကျေးရွာကိုစစ်တပ်က အင်အား ၅၀ ဝန်းကျင် နီးပါးနဲ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစတင်ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ကျေးရွာအတွင်းက မျက်စိကွယ်နေတဲ့ သက်ကြီးအဖွားအိုနှစ်ဦးအပါအဝင် ကျန်းမာရေးချို့ယွင်းနေတဲ့သက်ကြီးရွယ်အို ခုနှစ်ဦးခန့်မီးလောင်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ့မီးဝင်ရှို့ခဲ့တဲ့စစ်ကြောင်းဟာဘုတလင်မြို့ပေါ်မှဝင်ရောက်လာတဲ့ တပ်မ ၁၁ စစ်ကြောင်း ဖြစ်ပြီး ကျေးရွာအတွင်းရှိ နေအိမ် နဲ့ ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် ၁၇၅ လုံး မီးလောင်ပြာကျခဲ့ပြီး ခိုင်း နွား ၂၁ ကောင်ပါမီးလောင်သေဆုံးခဲ့ရတယ်လို့လဲဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ “စစ်ကြောင်းကရွာမြောက်ဖက်ကဝင်ချလာတာပစ်ခတ်ပြီး။အားခြင်းပြေးကြရတော့ လေဖြတ်နေတဲ့အဖိုးအဖွားတွေရယ် ၊မျက်စိမမြင်တဲ့အမယ်အိုကြီးနှစ်ဦးရယ်…
Read Moreစစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပကဖတွေကတိုက်ခိုက်ခဲ့လို့ အထိနာခဲ့တဲ့နေရာအနီးရှိ မြို့မဈေးကို စစ်ကောင်စီအဖွဲ့တွေကမီးရှို့ဖျက်ဆီးခဲ့လို့ ဆိုင်ခန်းပေါင်း (၃၀) နီး ပါး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘုတလင်မြို့လယ်မှာရှိတဲ့ မြို့မစျေးကစျေးဆိုင်ခန်းတွေနဲ့ ကားဂိတ်ဆိုင်ခန်းတွေကို စစ်အုပ်စုက မနေ့က မနက် ၁၁ နာရီလောက်မှာ ရောက်ရှိလာပြီး မိုင်းရှင်းလင်းရေးအကြောင်းပြကာ စျေးသည်တွေက စျေးရုံထဲကနေထွက်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။ “ဘာမှယူချိန်ကိုသိပ်မရလိုက်ပါဘူး၊ဈေးသယ်တွေကို မိုင်းရှာမယ်ဆိုပြီး အပြင်ထွက်ခိုင်းတာပြီးတော့ မီးရှို့လိုက်တယ် ဈေးဆိုင်ခန်းနဲ့ ကာဂိတ်ကဆိုင်ခန်းတွေ ပါသွားတယ်၊ မနက်ပိုင်းသူတို့ ပစ်ခတ်ခံရလို့ လုပ်တယ်လို့တော့…
Read Moreစစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် မုံရွာမြို့နဲ့ ဘုတလင်မြို့နယ်အကြား အဝေးပြေးလမ်းမမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းတစ်ခု ၂ ကြိမ်မိုင်းဆွဲတိုက်ခံရပြီး စစ်အုပ်စုက သေဆုံးသူများပြားကာ ကား ၄ စီး ပျက်စီးခဲ့တယ်လို့ ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း) က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ဧပြီလ ၉ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ထနောင်းကုန်းကျေးရွာနဲ့ ကံသစ်ရွာကြားကို ဖြတ်သန်းလာတဲ့ စစ်အုပ်စုရဲ့ ယာဉ်တန်းကို ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့က ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက…
Read Moreစစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ငပယင်းမှာရှိတဲ့ ပြောက်ကျားတပ်ဖွဲ့ ကင်းစခန်းကို မီးရှို့တိုက်ခိုက်ပြီး အပြန်မှာ အကြမ်းဖက်စစ်သားတွေ ဆက်တိုက်မိုင်းဆွဲခံရကာ အသေအပျောက် များနိုင်တယ်လို့ သိရပါတယ်။ မတ်လ ၁၉ ရက် နေ့မနက် ၃ နာရီမှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ငပယင်းရှိ မဟာမိတ်ကင်းစခန်းကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်ဖက်စစ်တပ် ယာဉ်တန်းကို နတ်ဆိုး-တောကျီးကန်း-ယမ်းဘီလူး ပြောက်ကျားညီနောင်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီးခဲ့ကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ မဟူရာနတ်ဆိုးက ဒီကနေ့ထုတ်ပြန်ပါတယ်။ အဲဒီနောက်မနက်…
Read Moreစစ်ကိုင်းတိုင်း၊ ဘုတလင် ရဲစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့က လက်နက်ကြီး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညဦးပိုင်းမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ဘုတလင်နေ့စဉ်သတင်းက ဖော်ပြပါတယ်။ ‘ကျွန်တော်တို့နယ်တွေရဲ့ ကိုယ့်ဘာသာ တီထွင်ထုတ်လုပ်နိုင်ခြင်း အထိမ်းအမှတ်ပေါ့။ လက်နက်ကြီးနဲ့ ခပ်လှမ်းလှမ်းကနေ ပစ်ခတ်နိုင်တာဆိုတော့ ရဲဘော်တွေလည်း အန္တရာယ်ကင်းတယ်။ လက်နက်ကြီးက ထိချက်မှန်ရင် ထိခိုက်မှုလည်း ပြင်းထန်တာပဲ။ ဒီကောင်တွေ…
Read More၂၅၊ ဩဂုတ်လ၊ ၂၀၂၁။ ဘုတလင်မြို့နယ် ကုန်းသားကျေးရွာမှာ NLDပါတီ ဆိုင်းဘုတ် စိုက်ထူထားတဲ့ ဦးလှမျိုးနဲ့ ဒေါ်ခန့်ဝါနေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၂၅ရက်နေ့ နံနက် ၆နာရီခန့်မှာ လာရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ “အင်အား ၅၀ကျော်တယ်ဗျ ရွာထဲကို ဝင်လာတာ တွေ့တော့ အကုန်ထွက်ပြေးကြတာ၊ NLD ဆိုင်းဘုတ်တင်ထားတဲ့ ဦးလှမျိုးအိမ်နဲ့ ထော်လာဂျီတစ်စင်းကို မီးရှို့သွားတယ်၊ ရွာထဲ သောင်းကျန်းလို့ဝတော့ ပြန်ထွက်သွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
Read More