ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးနေသူဆိုတဲ့ အမျိုးသမီးတစ်ဦး ရှင်းလင်းခံရပြီးနောက် ဘိုကလေးမြို့မရဲစခန်းက အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၄ရက်နေ့က ဘိုကလေးမြို့မှာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးနေသူဆိုတဲ့ အမှတ်(၆)ရပ်ကွက်နေ ဒေါ်သူဇာကြီးဆိုသူကို ဘိုကလေးPDFက ရှင်းလင်းခဲ့ပြီးနောက်မှာ စစ်အုပ်စုက အပြစ်မဲ့ ပြည်သူတွေသူတွေကိုဖမ်းထားပြီးတော့ ကို မတရားဖမ်းဆီးပြီး နှိပ်စက်နေတာဖြစ်တယ်လို့ သိရပါတယ်။ “PDFကလေးတွေက ဘေးကင်းရာကိုရောက်နေပြီ သူတို့က လျှောက်ရမ်းနေတာ၊ မဆိုင်တဲ့ နှိပ်စက်တယ် ပိုက်ဆံတောင်းတယ် အတော်ရမ်းကားနေတယ်”လို့…
Read Moreဧရာဝတီတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့ရဲ့ တံဆိပ်နဲ့ အမည်ကို အသုံးပြုကာ ထုတ်ပြန်စာအတုတွေ ထွက်ပေါ်နေခဲ့တယ်လို့ ဧရာဗေဒါအဖွဲ့က DNA ကို ပြောပါတယ်။ ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ လုပ်ဆောင်မဲ့ လမ်းလျှောက်သင်္ကြန်ပွဲတော်နဲ့ ပက်သက်ပြီး ဧရာဗေဒါအဖွဲ့အနေနဲ့ သတိပေးခဲ့တယ်လို့ ထုတ်ပြန်ချက်စာတစ်စောင်ဟာ ဒီကနေ့ ဧပြီလ ၈ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီထုတ်ပြန်ချက်အတုကိုလည်း DNA သတင်းဌာနကို ဆက်သွယ်ပေးပို့လာခဲ့ပါတယ်။ အခုလို ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး…
Read Moreဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 Beach Resort ပိုင်ရှင် ဦးစန်းမြင့်တို့ ပူးပေါင်းလုပ်ဆောင်မယ့် ဧရာကမ်းခြေ လမ်းလျှောက်သင်္ကြန်ကို ပြည်သူတွေအနေနဲ့ ပါဝင်မဆင်နွှဲဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးလိုက်ပါတယ်။ လမ်းလျှောက်သင်္ကြန်ပွဲကို မဖျက်သိမ်းပါက ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ကဒုံကျေးရွာနဲ့ ဧရာကျေးရွာက ပြည်သူတွေအနေနဲ့ မပါဝင်ဖို့ သတိပေးထားတာပါ။ ဧရာကမ်းခြေဟာ 528 Beach Resort က ဖွင့်လှစ်ထားတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး…
Read Moreဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာရှိတဲ့ 528 Beach Resortမှာ လမ်းလျှောက်သင်္ကြန်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 beach resort ပိုင်ရှင်တို့ ပူးပေါင်းကာ ကဒုံဧရာကမ်းခြေမှာ အခုလို လမ်းလျှောက် သင်္ကြန်ဖွင့်ကို ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။ “ရန်ကုန်က အကောင်ကြီးကြီး သားသမီးတွေနဲ့ သူဌေးတွေကိုပဲ အထူးအစီအစဉ်နဲ့ ဖိတ်ထားတယ်လို့ ကြားတယ် အဲ့မှာ သင်္ကြန်ပွဲလုပ်မယ်ပေါ့၊ ကုန်းလမ်းနဲ့တောင် မဟုတ်ဘူး ရန်ကုန်ကနေ အပျော်စီးသင်္ဘောတွေနဲ့ပါ…
Read Moreဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စု တင်းငုတ်ကြီးကျေးရွာမှာ မြင်းကကုန်းနယ်မြေ ရဲစခန်းမှူး စိန်တိုးကိုယ်တိုင် ဦးဆောင်ပြီး လောင်းကစားဝိုင်းတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တင်းငုတ်ကြီးကျေးရွာရှိ ဦးအေးလှိုင်ရဲ့ ခြံဝန်းအတွင်းမှာ စခန်းမှူးကိုယ်တိုင် စောင့်ကြပ်ဦးဆောင်ပြီး ကြက်ဝိုင်းနဲ့ ခြောက်ကောက်ဝိုင်းတွေကို လုပ်ဆောင်နေခဲ့တာလို့ ဆိုပါတယ်။ “စခန်းမှူးကိုယ်တိုင် ဦးဆောင်ပြီး လုပ်နေတာပါ၊ ဝိုင်းတွေမှာ သူပါရှိပါတယ်၊ ရဲက လုံခြုံရေးနဲ့ လောင်းကစားဝိုင်းကို ကိုယ်တိုင်လုပ်နေတော့ တရားဥပဒေစိုးမိုးမှုဆိုတာ ဘာမှ မရှိတော့ပါဘူး” လို့ ဘိုကလေးမြို့ခံတစ်ဦးက…
Read Moreဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့တော်ခန်းမရှေ့နဲ့ ဘိုကလေးတံတားပေါ်မှာ မြို့ခံလူငယ်အချို့က အကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက် ၅ နာရီခန့်မှာ မြို့တော်ခန်းမရှေ့မှာ “ငါတို့မြို့ရဲ့သမိုင်း ဘယ်တော့မှမရိုင်း ဘိုကလေးငြိမ်မနေဘူးဟေ့” ဆိုတဲ့ ဘန်နာတစ်ခုနဲ့ ဘိုကလေးတံတားပေါ်မှာ “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ” ဆိုတဲ့ ဘန်နာတစ်ခုကို ချိတ်ဆွဲ ဆန္ဒပြခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက…
Read More၁၆၊ ဩဂုတ်လ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ဘိုကလေးမြို့ အမှတ် ၅ ရပ်ကွက်၊ရာကျော်လမ်းမှာရှိတဲ့ လျှပ်စစ်ရုံးရှေ့မှာ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲကျော်က လက်လုပ်ဗုံးသုံးလုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ လျှပ်စစ်ရုံးက ဝန်ထမ်းတစ်ဦး အမှိုက်ထွက်သွန်ရင်းဗုံးတွေကိုတွေ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာရဲတွေနဲ့ စစ်သားတွေ လျှပ်စစ်ရုံးရှေ့ကိုရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်နေကြတယ်လို့သိရပါတယ်။
Read More