ဧရာကမ်းခြေမှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်ကို မပါဝင်ဖို့ ဧရာဗေဒါသတိပေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ 528 Beach Resort ပိုင်ရှင် ဦးစန်းမြင့်တို့ ပူးပေါင်းလုပ်ဆောင်မယ့် ဧရာကမ်းခြေ လမ်းလျှောက်သင်္ကြန်ကို ပြည်သူတွေအနေနဲ့ ပါဝင်မဆင်နွှဲဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဧရာဗေဒါတပ်ဖွဲ့က မေတ္တာရပ်ခံ သတိပေးလိုက်ပါတယ်။
လမ်းလျှောက်သင်္ကြန်ပွဲကို မဖျက်သိမ်းပါက ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် အနီးဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ကဒုံကျေးရွာနဲ့ ဧရာကျေးရွာက ပြည်သူတွေအနေနဲ့ မပါဝင်ဖို့ သတိပေးထားတာပါ။
ဧရာကမ်းခြေဟာ 528 Beach Resort က ဖွင့်လှစ်ထားတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး ပင်လယ်ဝ သောင်ထွန်းနုန်းမြေမှာ တည်ဆောက်ထားတာပါ။ ဧရာကမ်းခြေကမ်းခြေဘက်ကို ပင်လယ်ရေမဝင်ရောက်စေဖို့အတွက် မြစ်ဝမှာ သဘာဝ သန္တာကျောက်တန်းတွေ တည်ရှိနေပြီး 528 Beach Resort ပိုင်ရှင် ဦးစန်းမြင့်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး သဘာဝ သန္တာကျောက်တန်းတွေကို ဖျက်ဆီးကာ ပင်လယ်ကမ်းခြေတစ်ခုအဖြစ် တည်ဆောက်ဖို့ လုပ်ဆောင်နေသူလည်းဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ- CJ