၄ ၊ ဇူလိုင်လ ၊ ၂၀၂၀ ။ ပုသိမ်မြို့က ကွာရန်တင်းစင်တာတစ်ခုမှာ မနေ့ညက ထိုင်းပြန်တစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၃ရက်နေ့ ညသန်းခေါင်ယံအချိန်မှာ နိုင်ငံခြားပြန်တွေကို ကွာရန်တင်းထားရှိတဲ့ ပုသိမ်အမှတ်၁၃ရပ်ကွက်၊ ဧရာ၀တီတိုင်းသမဝါယမသင်တန်းကျောင်းက အိမ်သာထဲမှာ အခုလိုသေဆုံးခဲ့တာပါ။ သေဆုံးသူဟာ ဇွန်လ ၂၅ရက်နေ့က ထိုင်းနိုင်ငံကပြန်လာတဲ့ အသက် (၂၇)နှစ်အရွယ်အမျိုးသား ဖြစ်ပြီး မြန်အောင်မြို့မှာ နေထိုင်သူလို့သိရပါတယ်။ အိမ်သာထုတ်တန်းမှာ ပလစ်စတစ်ကြိုးနဲ့ ချည်ပြီး ကြိုးဆွဲချသေဆုံးခဲ့တာကို တွေ့ရတယ်လို့ သွားရောက်စစ်ဆေးတဲ့…
Read More