ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်း စစ်အုပ်စုရဲ့စစ်ကြောင်းတွေ ၂ကြိမ် မိုင်းဆွဲခံရပြီး ၆ဦးသေ

၁၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRAက နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၆ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိကာ ကားသုံးစီးလည်း ပျက်စီးသွားခဲ့တယ်လို့ PRAက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲ၊အိုင်းမရွာထဲ အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်း

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမရွာမှာ ဒေသခံပြောက်ကျားတပ်ဖွဲ့တွေရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ် အုပ်စုတပ်ဖွဲ့ဝင်၅၀လောက် ရောက်ရှိ မွှေနှောက်နေတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်၊ကန့်ဒေါင့်ရွာစခန်းက စစ်သား၅၀လောက်ဟာ ဒီနေ့မွန်းလွဲ၁နာရီလောက်က ရုတ်တရက်ရောက်ရှိ လာတာဖြစ်ပြီး စစ်သားတွေကို မြင်မြင်ချင်း ရွာသားတွေ ထွက်ပြေးကြလို့ အသတ်ခံရသူမရှိဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲကရဲတွေ ပြည်သူကို ခြိမ်းခြောက်မှုမျိုးစုံနဲ့ ငွေညှစ်နေလို့ပြော

၂၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နဲ့ပုလဲမြို့က နယ်မြေခံရဲတွေဟာ ဧည့်စာရင်းအပါအဝင် ပြည်သူကိုခြိမ်းခြောက် မှုမျိုးစုံနဲ့ ငွေညှစ်နေကြတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့အချို့ရဲ့သတင်းပေးပို့မှုတွေအရ နယ်မြေခံရဲတွေကို မြို့နဲ့၅မိုင်ပတ်လည်အတွင်းကရွာတွေအထိ လုံခြုံ ရေး တာဝန်ယူခိုင်းထားပြီး ၅မိုင်ပတ်လည်ရဲ့အပြင်ဘက်ဧရိယာကို စစ်တပ်က တာဝန်ယူတယ်လို့ ယင်းမာပင်မြို့နယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်နဲ့ပုလဲမှာ စစ်ကားတွေ မိုင်းထိ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ပုလဲမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၈နာရီ၁၅မိနစ်လောက်မှာ မုံရွာနဲ့ပုလဲကြား ယင်းမာပင်မြို့နယ်အတွင်း မိုင်တိုင်၁၄-၁၅ကြားမှာ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကားကြီး၃စီးနဲ့ စစ်သားတွေတင်လာတဲ့ အရပ်ကားလေး၂စီးတို့ဟာ အတွဲလိုက် ပေါက်ကွဲတဲ့ ပဒေသာမိုင်းထိမှန်ခဲ့တယ်လို့ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နားဝန်းကျင်ကမြေပြန့်ရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တို့ ၄ရက်ဆက်တိုက် ဝင်ရောက်ခြိမ်းခြောက် သေနတ်ပစ်ဖောက်ကာ ပစ္စည်းလုယက်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ၄ရက်နေ့က ပုလဲမြို့နယ်၊ကြောင်သန်းရွာသို့ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ လာ ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။ ‘စစ်ခွေးတွေပြန်သွားတဲ့အချိန် ရွာသားတွေကိုယ့်အိမ်ကိုယ်ပြန်လာတော့ တချို့အိမ်တွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။  စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်သို့ သံချပ်ကာယာဥ်၂စီးနဲ့ တက်လာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ဒေသခံ ပြောက် ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က ပြောပါတယ်။ ဒီနေ့မနက်မှာအကြမ်းဖက်စစ်ယာဥ်တန်းဟာ ကလေးဘက်ကိုတပ်ကူသွားဖို့ ပုလဲမြို့နယ်ထဲ ဖြတ်သန်းလာတာဖြစ်ပြီး ပြည်သူ့ တော်လှန်ရေးတပ်(PRA)နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့ ခင်သာကျေးရွာမှာ စစ်အုပ်စုက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ပြီး ရွာသားတစ်ဦး သတ်ဖြတ်

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ ပုလဲမြို့နယ် ပုံတောင်တကြောမှာ တည်ရှိတဲ့ ခင်သာရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂန့်ဂေါအခြေစိုက် ခလရ ၅၀တပ်က စက်တင်ဘာလ ၁ရက်နေ့မှာ ကျေးရွာက အသက် ၆၀အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျေးရွာတစ်ဦးဖြစ်သူကိုလည်း [ဆက်လက်ဖတ်ရှုရန်]