ယင်းမာပင်နဲ့ပုလဲမှာ စစ်ကားတွေ မိုင်းထိ

ယင်းမာပင်နဲ့ပုလဲမှာ စစ်ကားတွေ မိုင်းထိ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ပုလဲမြို့နယ်တို့မှာ ဒီနေ့မနက်ပိုင်းက စစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  သိရပါတယ်။ ဒီနေ့မနက်ပိုင်း ၈နာရီ၁၅မိနစ်လောက်မှာ မုံရွာနဲ့ပုလဲကြား ယင်းမာပင်မြို့နယ်အတွင်း မိုင်တိုင်၁၄-၁၅ကြားမှာ ပုလဲမြို့ကနေထွက်လာတဲ့ စစ်ကားကြီး၃စီးနဲ့ စစ်သားတွေတင်လာတဲ့ အရပ်ကားလေး၂စီးတို့ဟာ အတွဲလိုက် ပေါက်ကွဲတဲ့ ပဒေသာမိုင်းထိမှန်ခဲ့တယ်လို့ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကို ဆားလင်းကြီးနဲ့ယင်းမာပင် က ဒေသခံပြောက်ကျားတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ကြ တယ်လို့သိရပါတယ်။ ‘မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းပေါ်က ကောင်းဆင့်နဲ့ တည်ပင်ကန်ရွာကြားမှာဖြစ်တာ။ပဒေသာမိုင်းဆိုတော့ စစ်ကား တွေအတွဲလိုက် ထိတာ။အသေအပျောက်စာရင်းကိုတော့ အတည်မပြုနိုင်သေးဘူး’လို့ သူကပြောပါတယ်။ ဒီနေ့မနက်၈နာရီလောက်ကလည်း ဂန့်ဂေါကဆင်းလာတဲ့…

Read More
ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

ပုလဲမြို့အနီးက မြေပြန့်ရွာတွေကို စစ်နဲ့ရဲပူးပေါင်းအဖွဲ့ ၄ရက်ဆက် ခြိမ်းခြောက်လုယက်

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နားဝန်းကျင်ကမြေပြန့်ရွာတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တို့ ၄ရက်ဆက်တိုက် ဝင်ရောက်ခြိမ်းခြောက် သေနတ်ပစ်ဖောက်ကာ ပစ္စည်းလုယက်နေတယ်လို့သိရပါတယ်။ အောက်တိုဘာ၄ရက်နေ့က ပုလဲမြို့နယ်၊ကြောင်သန်းရွာသို့ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ လာ ရောက်ကာ သေနတ်ပစ်ဖောက်ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေထွက်ပြေးခဲ့ကြရတယ်လို့သိရပါတယ်။ ‘စစ်ခွေးတွေပြန်သွားတဲ့အချိန် ရွာသားတွေကိုယ့်အိမ်ကိုယ်ပြန်လာတော့ တချို့အိမ်တွေကို ရိုက်ဖျက်ထားတယ်။ ပစ္စည်းတွေပါသွားတဲ့အိမ်တွေလည်းရှိတယ်။တမင်ဝင်ခြိမ်းခြောက်လုယက်တာပေါ့’လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်က ခေါင်းဆောင်တစ်ဥ◌ီးဖြစ်သူ ကိုပေ ကပြောပါတယ်။ အောက်တိုဘာ၅ရက်နေ့မှာ အကြမ်းဖက်စစ်သား၈ယောက်နဲ့ရဲ၇ယောက်တို့ဟာ ပုလဲမြို့တောင်ဘက်ခြမ်းရှိ ကြိုးကြာဥကျေးရွာကို ဝင်ရောက်လုယက်ဖျက်ဆီးခဲ့ပြီး ၆ရက်နေ့ရောက်တော့ ပုလဲမြို့အနောက်တောင်ဘက် ၊နွယ်ရှောက်ရွာနဲ့…

Read More
အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။  စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်သို့ သံချပ်ကာယာဥ်၂စီးနဲ့ တက်လာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ဒေသခံ ပြောက် ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က ပြောပါတယ်။ ဒီနေ့မနက်မှာအကြမ်းဖက်စစ်ယာဥ်တန်းဟာ ကလေးဘက်ကိုတပ်ကူသွားဖို့ ပုလဲမြို့နယ်ထဲ ဖြတ်သန်းလာတာဖြစ်ပြီး ပြည်သူ့ တော်လှန်ရေးတပ်(PRA)နဲ့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အမနက်၈နာရီလောက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ‘ကျွန်တော်တို့နှစ်ဖွဲ့ပေါင်းပြီး စစ်ခွေးတွေအလစ်အငိုက်မှာ မိုင်းဆွဲခဲ့တာ။စုစုပေါင်းမိုင်း၄ကြိမ်ဆွဲခဲ့တယ်။ပထမ၊ မိုင်းဆွဲတာ ၂၅ယောက်လောက်သေတယ်။ပြီးတော့ပုလဲPDFက မိုင်းထပ်ဆွဲတယ်။ဒီကောင်တွေထပ်ထိတယ်။ပြီး တော့ တပ်ကူလာတဲ့ယာဥ်တန်းကို မိုင်းထပ်ဆွဲတာ မသေဘူးဆို ၂၅ယောက်ပဲ။ပြီးတော့ နောက်ထပ်တစ်ကြိမ် ပေါ့။’…

Read More
ပုလဲမြို့ ခင်သာကျေးရွာမှာ စစ်အုပ်စုက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ပြီး ရွာသားတစ်ဦး သတ်ဖြတ်

ပုလဲမြို့ ခင်သာကျေးရွာမှာ စစ်အုပ်စုက စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ပြီး ရွာသားတစ်ဦး သတ်ဖြတ်

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ ပုလဲမြို့နယ် ပုံတောင်တကြောမှာ တည်ရှိတဲ့ ခင်သာရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဂန့်ဂေါအခြေစိုက် ခလရ ၅၀တပ်က စက်တင်ဘာလ ၁ရက်နေ့မှာ ကျေးရွာက အသက် ၆၀အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ကျေးရွာတစ်ဦးဖြစ်သူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဓမ္မပြုကျင့်ခံရသူဟာ ခင်သာကျေးရွာနေ စိတ်ဝေဒနာရှင် ဒေါ်မြင်ဆင့်ဆိုသူဖြစ်ပြီး အဓမ္မပြုကျင့်ခံရပြီးနောက် အသက်ဆုံးပါးသွားခဲ့ရပါတယ်။ ဒါ့အပြင် ကျေးရွာသားတစ်ဦးဖြစ်သူ ကိုသန်းဌေးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။…

Read More