တောင်ကိုရီးယားနိူင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲပုဂ္ဂလိကအေဂျင်စီတွေကတဆင့် မြန်မာလုပ်သား (၅၀၀) ခေါ်ယူသွားဖို့ရှိတယ်လို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး မြန်မာအလုပ် သမားအရေးလူပ်ရှားနေတဲ့အဖွဲ့တွေကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို EPSစနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ကတဆင့်ခေါ် ယူနေရာက သင်္ဘောကျင်းလုပ်ငန်းအတွက်အလုပ်သမားကိုတော့ ပုဂ္ဂလိကအေဂျင်စီတွေဆီကခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလုပ်ငန်းအတွက် မနှစ်က မြန်မာအလုပ်သမား ၁၀၀ ကျော်ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာတော့ ဦးရေ ၅၀၀ အထိမြန်မာနိုင်ငံ အတွက်ခွဲတမ်းချထားပေးတာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေးကူ ညီနေသူကိုစိုးမိုးသူ က ပြောပါတယ်။ “ဒီနှစ်မှာ အေဂျင်စီလေးခုနဲ့သဘောတူညီမူရထားတယ်လို့ သိရတယ်”လို့ သူကပြောပါတယ်။ …
Read Moreအာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တာပြုလုပ်ခဲ့ပြီး Mindful Money အဖွဲ့ကလည်း နယူးဇီလန်အစိုးရနဲ့ ကုမ္ပဏီတွေကို စစ်အာဏာရှင်နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကို ဖြတ်တောက်ပြီး မြန်မာပြည်သူတွေကိုကူညီဖို့ တောင်းဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက…
Read Moreအာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ ဒီကနေ့ တောင်ကိုရီးယားရောက်မြန်မာတွေက စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သလို ကချင်ပြည်နယ် ဖားကန့်ပြည်သူတွေကလည်း ဆန္ဒပြခဲ့ကြပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ ဒီကနေ့မှာ စစ်ကိုင်းတိုင်းထဲက ကလေးမြို့၊ မုံရွာ၊လက်ပံတောင်းဒေသ၊…
Read Moreတောင်ကိုရီးယား နိုင်ငံမှာ ကားအစီး ၄၀ လောက် ဆင့်တိုက်မှုကြောင့် အနည်းဆုံး တစ်ဦးသေပြီး နှစ်ဒါဇင်လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ယွန်ဟပ် သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ လူတစ်ဦးဟာ နှလုံးဖောက်မှုကြောင့် ကွယ်လွန်သွားခဲ့ပြီး ဒဏ်ရာရသူတွေထဲက သုံးဦးကလည်း အခြေအနေ မကောင်းဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ဒဏ်ရာရသူ စုစုပေါင်း ၂၄ ဦးလောက် ရှိတယ်လို့ ပြောပါတယ်။ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက နိုင်ငံမြောက်ပိုင်း၊…
Read Moreမြောက်ကိုရီးယားမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ဦး ကွပ်မျက် ခံလိုက်ရကြောင်း တောင်ကိုရီးယား လွှတ်တော် အမတ်တွေက ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရီယွန်ဟိုကို သုတ်သင်စေခဲ့တယ်လို့ ထောက်လှမ်းရေး အစီရင်ခံစာတွေကို ကိုးကားပြီး တောင်ကိုရီးယား အမတ်တွေက ဆိုပါတယ်။ ရီဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း အမေရိကန် သမ္မတ(ဟောင်း) ဒေါ်နယ်လ်ထရမ့်နဲ့ ကင်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေမှာ အဓိက ညှိနှိုင်း ကူညီခဲ့သူ…
Read Moreအမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ ကိုင်တွယ်မှုကို တောင်ကိုရီးယားနဲ့ ပူးတွဲ လေ့ကျင့်ရေး ဆွေးနွေးနေတယ် ဆိုတာကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ငြင်းဆိုသွားခဲ့ပါတယ်။ အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုက သူဟာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေကို တောင်ကိုရီးယား စစ်တပ်ကပါ ကိုင်တွယ်နိုင်ရေး လေ့ကျင့်မှုတွေ အကောင်အထည်ဖော်ဖို့ ဘိုင်ဒန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ခရီးစဉ် တစ်ခုကနေ အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့ ဘိုင်ဒန်ကို သတင်းထောက်…
Read Moreတောင်ကိုရီးယား စစ်တပ်ဟာ ရန်သူ့ ဒရုန်းတွေ ကျူးကျော် ဝင်ရောက်မှုကို တန်ပြန် တားဆီးတဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှု တစ်ခုကို အင်အား အလုံးအရင်းနဲ့ လုပ်ဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်က စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချနိုင်ဖို့ အဓိက ရည်ရွယ်ပြီး ပြင်ဆင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကိုရီးယား လေပိုင်နက်ထဲကို မြောက်ကိုရီးယား ဒရုန်း ၅…
Read Moreမြောက်ကိုရီးယားရဲ့ ဒရုန်းတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့အတွက် တောင်ကိုရီးယား လေတပ်က တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေ စေလွှတ်ပြီး အရေးပေါ် တုံ့ပြန်ခဲ့ရကြောင်း သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာ မြောက်ပိုင်းနယ်စပ်ကို ကျော်လွန်ပြီး မြောက်ကိုရီးယားရဲ့ ဒရုန်း ၅ စီး ပျံသန်း ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်က အတည်ပြုပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယား ဒရုန်းတွေ တောင်ကိုရီးယား လေပိုင်နက်ထဲ ပထမဆုံးအကြိမ်…
Read Moreအမေရိကန်ရဲ့ အာကာသ တပ်ဖွဲ့ဟာ တောင်ကိုရီးယား နိုင်ငံမှာ ပထမဆုံး ပင်လယ်ရပ်ခြား အခြေစိုက် စခန်းကို ဖွင့်လှစ်လိုက်ကြောင်း သိရပါတယ်။ အမေရိကန် စစ်တပ် လက်အောက်မှာ ၂၀၁၉ ခုနှစ်ကမှ စတင် ထူထောင်ခဲ့တဲ့ အာဏာသ တပ်ဖွဲ့ဟာ နောက်ထပ် ၃ နှစ် အကြာမှာပဲ နိုင်ငံခြား အခြေစိုက် စခန်းတစ်ခုကို ချဲ့ထွင်လာနိုင်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်က ဖွင့်လှစ်ခဲ့တဲ့ တောင်ကိုရီးယား…
Read Moreအသက်အရွယ် သတ်မှတ်ချက် စနစ်နှစ်ခုကို ပြန်လည် ပြင်ဆင်လိုက်တဲ့နောက် တောင်ကိုရီးယား နိုင်ငံသားတွေရဲ့ အသက်ဟာ အနည်းဆုံး တနှစ်လောက် တရားဝင် ပြန်ငယ်သွားတော့မှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၈ ရက်မှာ တောင်ကိုရီးယား လွှတ်တော်က ရိုးရာဓလေ့တွေကို အခြေခံထားတဲ့ နိုင်ငံရဲ့ အသက်အရွယ် သတ်မှတ်ချက် စည်းမျဉ်းတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြန်ပြင်ဆင်မယ့် ဥပဒေသစ်ကို အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်ကစပြီး တောင်ကိုရီးယား…
Read More