တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။ “ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။ မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရွှေဘိုဆန်စျေးဟာ အရင်က ၂၄ ပြည်ပါဆန်တအိတ်ကို ၆၇,၀၀၀ / ၆၈,၀၀၀အထိသာရှိခဲ့ပေမယ့် လက်ရှိမှာ ဆန်တစ်အိတ်ကို ၇၇,၀၀၀ကနေ ၈၀,၀၀၀ နီးပါးအထိမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ အခုလို ရွှေဘိုဆန်စျေးမြင့်တက်လာတာကြောင့် တခြားဆန်စျေးနှုန်းတွေလည်း…

Read More