“ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဆိုတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

“ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်”ဆိုတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

ကလေးမြို့ကပြည်သူတွေနဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ “ကလေးပါမကျန် သက်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ် “ဆိုတဲ့ စာတန်းနဲ့အတူဒီကနေ့ စက်တင်ဘာ( ၂၄) ရက်မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေက ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းမှာ သတ်ဖြတ်ခံရတဲ့ ကလေးသူငယ်တွေနဲ့ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ ပိုစတာတွေကိုကိုင်ဆောင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။  “သူတို့ထက်ငယ်တဲ့ကလေးတွေကိုတောင် အကြမ်းဖက်စစ်ကောင်စီက သတ်နေတယ်ဆိုတာ သူတို့လည်းသိနေပြီလေ” လို့ စစ်အာဏာရှင်ဆန့်ကျင်သပိတ်မှာပါဝင်တဲ့ ကျောင်းသားလူငယ်တွေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကိုပျက်ရက်မရှိ သပိတ်မှောက် ဆန္ဒပြလာတာရက်ပေါင်း(၅၉၄)ရက်ရှိပြီဖြစ်ပါတယ်။

Read More
ကလေးမြို့မှာ “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းနဲ့ဆန္ဒပြ

ကလေးမြို့မှာ “ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” စာတန်းနဲ့ဆန္ဒပြ

ကလေးမြို့က ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေပါဝင်တဲ့ ကလေးမြို့ပင်ပသပိတ်စစ်ကြောင်းဟာ “ကလေးပါ မကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူ့အားနဲ့အမြစ်ဖြတ်” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး ဒီကနေ့ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ “ဒီလောက်ကလေးတွေကို ရက်ရက်စက်စက်လုပ်နေတာကြီးကို မျက်ကွယ်မပြုသင့်ဘူး၊ နိုင်ငံတကာကလည်း သိနေပြီ၊အရေးယူမယ်လို့ လည်းမျော်လင့်တယ်” လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတဦးကပြောပါတယ်။ သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှာ စစ်တပ်က ကလေး ငယ်တွေကို သတ် ဖြတ်ခဲ့တဲ့အပေါ် ရှုတ်ချကန့်ကွက်ကြောင်း ပိုစတာတွေ၊…

Read More
ကလေးတွေပါမချန် သတ်ဖြတ်တဲ့စစ်တပ်ကို ဆောမြို့က ပြည်သူတွေ ဆန္ဒပြ

ကလေးတွေပါမချန် သတ်ဖြတ်တဲ့စစ်တပ်ကို ဆောမြို့က ပြည်သူတွေ ဆန္ဒပြ

ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ သံအမတ်အဖြစ် ဆက်ခန့်ထားဖို့ဆောမြို့ကပြည်သူတွေ ဆန္ဒပြရာမှာ စစ်တပ်က ကလေးတွေပါမချန်သတ်ဖြတ်နေတာကို လက်မခံဘူးလို့ ထည့်သွင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြို့ခံပြည်သူလူထုအင်အား (၂,၀၀၀) ဝန်းကျင်လောက်ပါဝင်တဲ့ အဲ့ဒီဆန္ဒပြပွဲကို စက်တင်ဘာ (၁၉) ရက်မနက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ကလေးတွေကိုပါသတ်ဖြတ်နေတာနဲ့ပတ်သက်ပြီး”ဒါကြီးက ဘယ်လိုနည်းနဲ့မှ လုံးဝလက်ခံလို့မရဘူး” လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့The Youth Force (Saw & Kyaukhtu) တာဝန်ခံကိုဇင်ကိုဝင်းက ပြောပါတယ်။ ဆန္ဒထုတ်ဖော်ပွဲမှာပါဝင်သူတွေကကလေးငယ်တွေကိုပါရက်စက်စွာသတ်ဖြတ်တဲ့ စစ်အာဏာရှင်ကို…

Read More
မိုးရေထဲမှာလည်း မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

မိုးရေထဲမှာလည်း မပျက်ကွက်ခဲ့တဲ့ ကလေးမြို့သပိတ်စစ်ကြောင်း

ကလေးမြို့မှာ စက်တင်ဘာ (၇) ရက် မနက်ပိုင်းက မိုးရွာနေပေမယ့် ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ မြို့ခံပြည်သူတွေကတော့ စစ်အာဏာရှင်ဆန့်ကျင်သပိတ် (၅၇၈) ရက်မြောက်အဖြစ် မပျက်မကွက် ဆက်လက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “မနက်ပိုင်းမိုးလေးရွာလာတော့ ကျမဆို စျေးတောင်မသွားဖြစ်ဘူး၊ သူတို့တွေက မိုးရွာရွာ၊ နေပူပူ မပျက်ကွက်ဘူး၊ သပိတ်ခေါင်းဆောင်တွေကိုရော၊ ရောက်ရာအရပ်မှာ ပါဝင်ကြတဲ့သူတွေအားလုံးကို လေးစားတယ်” လို့ ကလေးမြို့ခံတစ်ဦးကပြောပါတယ်။ ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ PDF အလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံတွေကို ကိုင်ဆောင် ပြီး NUG…

Read More
NUG နဲ့ လူထုသံတမန်ကို လက်ခံဖို့တောင်းဆိုတဲ့ ကလေးမြို့ သပိတ်စစ်ကြောင်း

NUG နဲ့ လူထုသံတမန်ကို လက်ခံဖို့တောင်းဆိုတဲ့ ကလေးမြို့ သပိတ်စစ်ကြောင်း

ကလေးမြို့နယ်ပင်မသပိတ်အင်အားစုနဲ့ကလေးမြို့နယ်ပြည်သူတွေဟာ NUG နဲ့ပြည်သူ့သံ အမတ်ကို လက်ခံဖို့ အာဏာရှင်ကိုငြင်းဆန်ဖို့ စက်တင်ဘာလ ၆ ရက်နေ့လယ်ပိုင်း ကကလေးမြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ “ကျွန်မတို့အနေနဲ့တော့ ရင်ထဲမှာကိုယ့်အားကိုယ်ပဲကိုးတယ်၊ကျမတို့ပြည်သူတွေကိုပဲအားကိုးတယ် ၊UN ကို အရမ်းအားကိုးနေတာမျိူးမရှိပေမယ့် ကျမတို့လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်တဲ့သဘောပဲ” လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ ကလေးမြို့ပင်မပိတ်ဟာ PDF အလံ၊ ကျောင်းသားအလံ၊ ချင်းအမျိုးသားအလံတွေကို ကိုင်ဆောင်ပြီး အာဏာရှင်ပြုတ်ကျရေး၊ NUG နဲ့ ပြည်သူ့သံအမတ်ကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ ကြပါတယ်။ “ကျွန်တော်တို့အနေနဲ့တော့…

Read More
ကလေးမြို့မှာ အဏာရှင်ဆန့်ကျင်ရေး ဟောပြောဆန္ဒပြ

ကလေးမြို့မှာ အဏာရှင်ဆန့်ကျင်ရေး ဟောပြောဆန္ဒပြ

ကလေးမြို့နယ် ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့နယ်ပြည်သူတွေဟာစက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ အာဏာရှင်ပြုတ်ကျရေး ဟောပြောဆန္ဒပြခဲ့ကြပါတယ်။ “ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် လူထုတစ်ရပ်လုံးအနေနှင့် ထောက်ခံကြောင်းပြသဖို့၊ လူထု သပိတ်အပေါ် နည်းနာမျိုးစုံဖြင့် ပါဝင်ပြီး တော်လှန်တိုက်ပွဲဝင်ကြဖို့ ပြည်သူလူထုကို အသိပေး ဟောပြောခဲ့တာတွေလဲပြုလုပ်ခဲ့တာပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ သပိတ်ကော်မတီအဖွဲ့ဝင်တစ်ဦးနှင့် သပိတ်မှာပါဝင်တဲ့ ဒေသခံတက်ကြွလူပ်ရှားသူတစ်ဦးတို့က အာဏာရှင် ဆန့်ကျင်ရေး ဟောပြောခဲ့ကြပါတယ်။ ဟောပြောအပြီးမှာ ကလေးမြို့နယ် သပိတ်မှောက်ပြည်သူတွေဟာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေကိုင်ဆောင်ပြီး ကြွေးကြော်သံတွေ…

Read More
တရုတ်ပိုင် H&M စက်ရုံအနီး တော်လှန်လူငယ်တွေ ဆန္ဒပြ

တရုတ်ပိုင် H&M စက်ရုံအနီး တော်လှန်လူငယ်တွေ ဆန္ဒပြ

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်ထဲက H&M တံဆိပ်ချုပ်စက်ရုံနားမှာ တော်လှန်လူငယ်တွေက ၅/ ၊ ၈/ ၊ ၉/ စာသားပါ တီရှပ်တွေဝတ်ဆင်ပြီး ဒီကနေ့ သြဂုတ် ၂၅ ရက်မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ “အဲ့စက်ရုံက ၅/ ၈/ ၉/ တွေကို အလုပ်ထုတ်တာတွေ လုပ်ခဲ့တယ်ဗျ၊ စစ်တပ်ကညွှန်ကြားလို့ပါဆိုပြီး အကြောင်းပြချက်နဲ့ ထုတ်ပယ်ခဲ့တာပါ၊ ဒါကြောင့် ဆန္ဒပြပေးခဲ့ကြတာလို့ ထင်ပါတယ်” လို့ ဆန္ဒပြလူငယ်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။…

Read More
ဟေတီနိုင်ငံမှာ ရာဇဝတ်မှုထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လူထောင်ချီဆန္ဒပြ

ဟေတီနိုင်ငံမှာ ရာဇဝတ်မှုထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လူထောင်ချီဆန္ဒပြ

ဟေတီနိုင်ငံမှာ  ရာဇဝတ်မှုတွေ ထူပြောလာတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆန့်ကျင်တဲ့ ဩဂုတ်လ ၂၂ရက်နေ့က ဆန္ဒပြပွဲမှာ ထောင်နဲ့ချီတဲ့လူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။  နိုင်ငံမှာ ၁၀နှစ်အတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ရောက်ရှိလာတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။   နိုင်ငံအတွင်း လောင်စာဆီနဲ့ ဒီဇယ်ဆီတွေရှားပါးလာပြီး စီးပွားရေးလုပ်ငန်းအချို့ ပိတ်လိုက်ရတာတွေကြောင့်ပြည်သူတွေဒေါသထွက်နေကြတာပါ။ Cap-Haitien ၊ Petit-Goave နဲ့ Jacmel စတဲ့ မြို့ကြီးတွေမှာပါ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး မြို့တော်…

Read More
အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဆန္ဒပြ

အသင်းပိုင်ရှင် ဂလေဇာမိသားစုကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဆန္ဒပြ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာနဲ့ လီဗာပူးအသင်းတို့ ကစားခဲ့တဲ့ ဒီနေ့ ဩဂုတ်လ ၂၃ရက်နေ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ  အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ အသင်းပိုင်ရှင် ဂလေဇာမိသားစု ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဂလေဇာမိသားစုအနေနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ဘောလုံးအဖွဲ့အစည်းကို ယိုယွင်းအောင်လုပ်ဆောင်နေလို့ ခုလိုဆန့်ကျင့်တာ ဖြစ်တယ်လို့ ဘောလုံးကွင်းအပြင်မှာ စုဝေးလာတဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။  အိုးလ်ထရက်ဖို့ဒ် အနီးတစ်ဝိုက်မှာ ကစားပွဲ မစတင်မီ သုံးနာရီခန့်ကတည်းက ပရိသတ်တွေ စုဝေးနေခဲ့ကြတာပါ။ ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်မှာ ကလပ်ရဲ့…

Read More
ရန်ကုန်မှာ “ငါတို့ ဘယ်တော့မှမကြောက်ဘူး” စာသားကိုင်ဆောင်ချီတက်

ရန်ကုန်မှာ “ငါတို့ ဘယ်တော့မှမကြောက်ဘူး” စာသားကိုင်ဆောင်ချီတက်

နွေဦးတော်လှန်ရေးရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ကို စစ်အုပ်စုက ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ကြေညာပြီး ဒီနေ့ဇူလိုင်လ ၂၅ရက် ရန်ကုန်မြို့တစ်နေရာမှာ တော်လှန်လူငယ်တွေမှ “ငါတို့ ဘယ်တော့မှ မကြောက်ဘူး” စာသားကိုင်ဆွဲပြီး အာဏာရှင်ဆန့်ကျင်ရေး ပြောက်ကျားချီတက် ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။ မြို့ပြမှာ အခက်အခဲတွေနဲ့တော်လှန်နေထိုင်နေရတဲ့လူငယ်တွေက လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားက​ အခုလို ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။ အကြမ်းဖက်စစ်အုပ်စုက မြန်မာ့ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေကြသူတွေကိုနည်းလမ်းမျိုးစုံနဲ့ ရှာဖွေဖမ်းဆီးမှုတွေ အကြမ်းဖက်မှုတွေ လူအခွင့်ရေးချိုးဖောက်မှုတွေကို နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်နေပေမယ့်…

Read More