စစ်တပ်ကဖိနှိပ်သတ်ဖြတ်ထားတဲ့ မုံရွာသားတွေကို မမေ့ဖို့ မုံရွာက တော်လှန်ရေးလူငယ်တွေ ဆန္ဒထုတ်ဖော်

စစ်တပ်ကဖိနှိပ်သတ်ဖြတ်ထားတဲ့ မုံရွာသားတွေကို မမေ့ဖို့ မုံရွာက တော်လှန်ရေးလူငယ်တွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက မြို့လမ်းမပေါ်မှာ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ကတော်လှန်ရေး အင်အားစုက လူငယ်တွေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။ မုံရွာမြို့ရဲ့ လမ်းမထက်ပေါ်မှာ သွေးမြေကျခဲ့ရတာတွေကို မမေ့ဖို့ ၊ အကျဉ်းထောင်တွေထဲမှာမုံရွာသူမုံရွာသားတွေ မလွတ်မြောက်ဘဲ ကျန်နေသေးတာကို မမေ့ဖို့နဲ့ စစ်တပ်ရဲ့ မတရားဖမ်းဆီးသတ်ဖြတ်မှုနဲ့ ရွာလုံးကျွတ်မီးရှိ့မှုတွေကို မမေ့ဘဲ အာဏာရှင်ကို တော်လှန်ဖို့ သပိတ်အင်အားစုတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကိုတော့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦး‌ဆောင်ကော်မတီနဲ့ အရာတော်လူထုသပိတ်တိုက်ပွဲကော်မတီ၊ အမျိုးသမီး…

Read More
တမူးက CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

တမူးက CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

တမူးမြို့နယ်က ပညာရေးCDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေဟာ NUGသံအ မတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲနဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို စက်တင်ဘာ(၂၆) ရက်ညနေပိုင်းကတမူးမြို့တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့က ပညာရေးကိုမြှင့်တင် ပေးချင်တယ်၊စ စ်ဘေးရှောင်လာပြီး ဘာမှမလုပ်ပဲ ထိုင်မနေနိုင်ဘူး လေ၊ အဲ့တာကြောင့် onlineကနေစာသင်သလို၊ အခုလို ဆန္ဒပြတာမျိုးတွေလည်း မကြာ ခဏပြုလုပ်ဖို့ရှိတယ်”လို့ CDM ဆရာ တဦးကပြောပါတယ်။ အဲ့ဒီဆန္ဒပြပွဲမှာ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေက NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း၊စစ်အာဏာ…

Read More
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထီးလင်းပညာရေးဘုတ်အဖွဲ့ ဆန္ဒထုတ်ဖော်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ထီးလင်းပညာရေးဘုတ်အဖွဲ့ ဆန္ဒထုတ်ဖော်

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို UN မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ဆက်ထားဖို့ ထီးလင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားစုစုပေါင်း နှစ်ထောင့်ငါးရာက စက်တင်ဘာလ ၁၅ ရက်မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့မြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။ ” သံအမတ်ကြီးဦးကျော်မိုးထွန်းမှတစ်ဆင့် မြန်မာပြည်သူတွေရဲ့အသံ မတရားအာဏာလုထားတဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကိုသိစေဖို့အတွက် နိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ဖို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်” လို့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံကပြောပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲမှာ ဟောပြောမူတွေပါဝင်ပြီး ထီးလင်းမြို့နယ် ပကဖ ၊ပလဖ နဲ့ pdf…

Read More
စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

စစ်တပ်က စစ်ကြောင်းထိုးနေတဲ့ ဂန့်ဂေါမြို့က လူထုဆန္ဒထုတ်ဖော်ပွဲ

တစ်မြို့နယ်လုံးနေရာအနှံ့စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးခြင်းခံနေရတဲ့ ဂန့်ဂေါမြို့နယ်မှာ ပြည်သူ့အစိုးရ NUG နှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါမြို့နယ်ကဒေသခံ ပြည်သူ နှစ်ရာဝန်းကျင်တက်ရောက်ခဲ့ပြီး ကျေးရွာ ကာ ကွယ်ရေးအဖွဲ့ဝင်တွေလည်း တက်ရောက်ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကို ဂန့်ဂေါခရိုင်အမှတ် (၁) တပ်ရင်းက ဦးဆောင်ကျင်းပပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။ “ကိုယ့်ပြည်သူကိုယ်စောင့်ရှောက်ရတာတာဝန်အဖြစ်ခံယူပါတယ်” လို့ တပ်ရင်း ၃၉၀၁ အမှတ်- ၁…

Read More
ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် ထားရှိပေးဖို့ ဆောမြို့နယ်မှာ ပြည်သူအင်အား တထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်

ပြည်သူ့သံအမတ် ဦးကျော်မိုးထွန်းကို UN မှာ ဆက်လက် ထားရှိပေးဖို့ ဆောမြို့နယ်မှာ ပြည်သူအင်အား တထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းနဲ့ ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို ကုလသမဂ္ဂမှာ လက်ခံပေးဖို့တောင်းဆိုတဲ့အနေနဲ့ ဆောမြို့မှာ လူအင်အားတထောင်ကျော်နဲ့ ဒီနေ့ စက်တင်ဘာလ (၅) ရက် မနက်ပိုင်းကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “ကျွန်တော်တို့က NUG အစိုးရကိုပဲ တရားဝင်အသိအမှတ်ပြုတယ်၊ UN မှာ မြန်မာနိုင်ငံရဲ့ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေဖို့က အရေးကြီးတယ်၊ အဲ့လိုမဟုတ်ပဲ အကြမ်းဖက်စစ်တပ်ကို ကိုယ်စားပြုနေတဲ့ ကိုယ် စားလှယ်သာ UN မှာရှိနေရင် တော်လှန်ရေးဟာ ကြန့်ကြာနေမယ်” လို့ ဆန္ဒထုတ်ဖော်ပွဲကို…

Read More
ကနီမှာမိုးရေထဲ “အပီတွယ်မယ့် ကနီနယ်”စာသားကိုင်ဆောင်ဆန္ဒထုတ်ဖော်

ကနီမှာမိုးရေထဲ “အပီတွယ်မယ့် ကနီနယ်”စာသားကိုင်ဆောင်ဆန္ဒထုတ်ဖော်

ဒီနေ့ ဇွန်လ ၂၉ ရက်နေ့ စစိကိုင်းတိုင်း ကနီမှာမိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက “အပီတွယ်မယ့် ကနီနယ်”စာသား ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုကဦးဆောင်ပြီးစစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သလို ဧပြီလမြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော် အောင်ဇော်ဦး အထိမ်းအမှတ် အလေးနီပြုတာကိုလဲ  ပြုလုပ်ပါတယ်။  ပြီးနောက်NUG ကာကွယ်ရေးအလံအား အလေးပြုခြင်း ၊ခေတ်အဆက်ကျဆုံးခဲ့ သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေနွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ကို အလေးပြု အောက်မေ့ခြင်း၊  သွေးသစ္စာသီချင်းကို…

Read More
လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်သပိတ်ဖြင့် စတုတ္ထအကြိမ်လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်

လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်သပိတ်ဖြင့် စတုတ္ထအကြိမ်လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်

ဒီနေ့ဧပြီလ ၂၇ ရက်နေ့ မနက်အစောပိုင်း လောင်းလုံးမြို့နယ်မှာ ကျေးရွာသပိတ်တွေ ပြန်လည်နိုးထလာဖို့ စတုတ္ထအကြိမ် လမ်းပေါ်ထွက် နှိုး‌ဆော်ခဲ့ပါတယ်။ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦး‌ဆောင်ပြီး ကျေးရွာအသီးသီးက ပြည်သူတွေပူးပေါင်းပြီး ကျေးရွာ ( ၃ ) ရွာကို ဆိုင်ကယ်နဲ့ပတ်ပြီး ကျေးရွာသပိတ်တွေ ပြန်လည်နိုးထဖို့ ဆိုင်ကယ်သပိတ်ဖြင့် စတုတ္ထအကြိမ် လမ်းပေါ်ထွက် နှိုးဆော်ရင်း အကြမ်းဖက်စစ်အုပ်စုကို သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Read More
“အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံးထကြွစို့” စာသားကိုင် ဆန္ဒထုတ်ဖော်

“အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံးထကြွစို့” စာသားကိုင် ဆန္ဒထုတ်ဖော်

ဒီနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂနဲ့ လူငယ်တွေ ပူးပေါင်းပြီး “အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံး ထကြွစို့” ဆိုတဲ့ ဘန်နာကိုင်ဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Read More